39 C
Yangon

ပလမြို့ရှိ ရဲစခန်းနှင့် စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဧပြီ ၂၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ရဲစခန်းနှင့် စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ပလမြို့ ရဲစခန်းကို T2 Drone Team အဖွဲ့က ဗုံးသီး ၂ လုံး၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် တိုတောင်ပေါ်ရှိ အကြမ်းဖက် စစ်စခန်းကို ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ပလရဲစခန်းကို တိုက်ခိုက်မှုမှာတော့ လက်နက်ကြီးကွင်းထဲ ဗုံးသီးချချိန် စစ်သား ၄ ဦးရှိနေတယ်။ တိုက်ခိုက်ခံရပြီးချိန် ပလရဲစခန်းကို လူနာတင်ယာဉ်အဝင်အထွက်ရှိတယ်။ အခုဆိုရင် ကျွန်တော်တို့က စစ်ကောင်စီ တပ်စခန်းတွေကို နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်နေတယ်။ သူတို့ဘက်က နေ့စဉ်ထိခိုက်မှုတွေရှိနေတယ်။ ပြည်သူတွေကို သူတို့ပေးခဲ့တဲ့ အကြောက်တရား ကျောမလုံမှုဟာ သူတို့လည်း တဖန်ပြန်ခံစားနေရပြီ လက်နက်စွန့်ပြီး ပြည်သူကို မျက်နှာမူဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်။ တကယ်လို့ ဆက်ပြီးတွေဝေနေမယ်ဆို အဆုံးသတ်ဟာ လှမှာ မဟုတ်ပါဘူး” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း‌ လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့ အောက်ဘက်ကို စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက စစ်ပြဲကျေးရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ပြဲဘုန်းကြီးကျောင်းထဲ ဝင်ပြေးသွားပြီးနောက် ၄ နာရီခန့် အကြာတွင် ပြန်လည် ဆုတ်ခွာသွားပြီး လောင်းလုံးမြို့ထဲ ပြန်ဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ လောင်းလုံး (ပကဖ) ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ လောင်းလုံး (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပေါင်းတိုက်ကြတာပါ။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စစ်ခွေးတွေ ပြန်ဆုတ်တဲ့အချိန်မှာ စစ်ပြဲရွာသား ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီး နှိက်စက်ပြီး ဖမ်းသွားခဲ့တယ်။ လောင်းလုံးမြို့ထဲရောက်တာနဲ့ သူတို့ဘက်ကနေ တိုက်ပွဲဖြစ်ပွားရာ ဝန်းကျင်ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှု များစွာပြုခဲ့တယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article