35 C
Yangon

KIA က ၈ နှစ်ကြာ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဂီဒုန်စခန်းကြီးကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ မေ ၆

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ KIA ၏ အမာခံစစ်စခန်းကြီးဖြစ်ခဲ့သော ဂီဒုန်စခန်းကို ၈ နှစ်ကြာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ယနေ့တွင် စစ်ကောင်စီထံမှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီက KIA ၏ အမာခံ စခန်းကြီးဖြစ်သော ဂီဒုန်စခန်းကြီးကို အင်အားသုံး၍ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ၈ နှစ်အကြာ ၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယင်းစခန်းကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိ​ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ စခန်းကြီးကို ကျနော်တို့ ပြန်ရပါပြီ။ ၂၀၁၆ ခုနှစ်မှာ စစ်တပ်က မတရား အင်အားသုံးပြီး သိမ်းယူသွားတဲ့ စခန်းကြီးကို ပြန်ရပါပြီ။ လက်နက်ကြီးငယ်ပစ်ပြီး မီးအကုန်လောင်သွားပြီ။ စစ်ခွေးတွေလည်း မရှိတော့ဘူး။ ၂၀၁၆ ခုနှစ်တုန်းက သူတို့ စစ်သားတွေ ရာချီ အသေခံပြီး စစ်ကောင်စီက သိမ်းပိုက်သွားခဲ့တာပါ။ အခုတော့ ပြန်ရပါပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော KIA ၊ PDF ပူးပေါင်းတပ်များ၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၈၇ ခုပေါင်းကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article