35 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၄ ဦး သေဆုံးပြီး စခန်း နေရာ ၅ ခုကို စစ်ကောင်စီက စွန့်ခွာသွား

Must read

ရန်ကုန်၊ မေ ၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၄ ဦး သေဆုံးပြီး စခန်း နေရာ ၅ ခုကို စစ်ကောင်စီက စွန့်ခွာသွားကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၅ နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၄ ဦးသေဆုံးကာ ၃၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလအတွင်းတွင် စစ်ကောင်စီက တပ်စခန်း နေရာ ၅ ခုဖြစ်သည့် သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနှင့် မယ်ဝေဘလယ်ကျိုးစခန်းများကို စွန့်ခွာသွားခဲ့ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများနှင့် အသက်မွေးဝမ်းကျောင်းပြုရာလယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူပိုင်ဥစ္စာပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article