36 C
Yangon

ပခုက္ကူ၊ ကမ္မမြို့မရဲစခန်းနှင့် တောင်သာမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မရဲစခန်းနှင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forcesမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်အချိန် Fix Wings ဒရုန်းနည်းပညာဖြင့် ဒရုန်းများ စေလွှတ်ပြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့မရဲစခန်းကို ဗုံး ၆ လုံးကျဲချခဲ့ကြောင်း ၊ထိုသို့တိုက်ခိုက်ရာ ကမ္မမြို့မရဲစခန်း ဘန်ကာ ကတုတ်ကျင်းထဲသို့ ဒရုန်းဗုံး တည့်တည့်ကျသွားပြီး စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ဒဏ်ရာရသူများကို လူနာတင်ကားဖြင့် ပခုက္ကူတပ်မ ၁၀၁ ဘက်သို့ သယ်ယူသွားကြောင်း သိရှိရသည်။

အလားတူ မေလ ၄ ရက်နေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မန်းကျီးရိုးကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗု့း ၅ လုံးကျဲချခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးများကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ 27 Revolution Forces ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မ လှိုင်မြို့နယ် ပကဖ၊ နယ်စည်းမခြားဖရီးဒမ်းဖယ်ဒရယ်စစ်ကြောင်း ၁ ၊ Urban Underground Revolution Force YSO၊ကမ္မတပ်ပေါင်းစု PDF (kamma)တို့ ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article