28 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါသည်။

မေလ ၆ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ မှ ၅ နာရီခန့် အထိ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၀ တပ်ရင်းက လက်နက်ကြီး ၁၂၂ မမ ဟောင်ဝှစ်ဇာ ၄ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်း (၁)ရွာ ထိပ် ရာဘာခြံအတွင်း ၁ လုံးကျရောက် ပေါက်ကွဲကာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်သေဆုံးသူသည် ဇီးပြောင်း (၁)ရွာသား အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင် ဖြစ်ပြီး နံနက်ပိုင်း ၄ နာရီ ၅၂ မိနစ်ခန့်တွင် ရာဘာစေးခြစ်နေချိန် လက်နက်ကြီး ကျည်စထိမှန်ခဲ့ကာ ဆေးဝါးကု သမှုခံယူခဲ့သေးသော်လည်း ပြင်းထန်ဒဏ်ရာများကြောင့် မေလ ၇ ရက် နံနက် ၈ နာရီ ၅မိနစ်ခန့် တွင်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်စခန်းများက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လူနေထိုင်ရာကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ တောက်လျှောက်ကျူးလွန်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားကြောင်းသိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article