25 C
Yangon

စစ်တပ်လက်အောက်ခံ MEC နှင့် ရန်ကုန်အလုံ ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူဟု Norges Bank က ကြေညာ

Must read

စစ်ကောင်စီထံ တရုတ်လုပ် ထရပ်ကားများရောင်းနေသော ကုမ္ပဏီမှလည်း ရင်းနှီးမြှပ်နှံမှုများ ရုပ်သိမ်း

ရန်ကုန်၊ မေ ၂၄

မြန်မာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltdမှ ရင်းနှီး မြှုပ်နှံမှုများ ပြန်လည် ထုတ်ယူလိုက်သည်ဟု Norges Bank က ကြေညာလိုက်သည်။

စစ်ကောင်စီနှင့်အတူ စီးပွားရေး လုပ်ဆောင်ခဲ့သော Adani Ports and SEZ Ltd မှ​ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစုစုကို ပြန်လည်ထုတ်ယူလိုက်ကြောင်း နော်ဝေနိုင်ငံ၏ အချုပ်အခြာဓနရန်ပုံငွေဖြစ်သည့် Norges Bank က မေလ ၁၅ ရက်နေ့ ကြေညာခဲ့ကြောင်း၊ အကြောင်းမှာ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဖြစ်သည်ဟု Norges Bank က ကြေညာခဲ့သည်။

အိန္ဒိယ Adani Ports သည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့်အတူ ရန်ကုန်ဆိပ်ကမ်းကို ဖော်ဆောင်သည့်ကုမ္ပဏီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံသည့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး ပူးတွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ အကြီးအကျယ်ခံနေရသည့် မြန်မာစစ်တပ်နှင့်အကျိုးတူ ရင်းနှီးမြှုပ်နှံထားသော ဆိပ်ကမ်းစီမံကိန်းကို မူရင်းစျေးထက် များစွာလျှော့‌ပေါ့ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ၂၀၂၃ ခုနှစ်မေလအတွင်း ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်ဟု အိန္ဒိယ Adani Group ကုမ္ပဏီက ကြေညာခဲ့သည်။

ထို့ပြင် နော်ဝေနိုင်ငံ၏ အချုပ်အခြာဓနရန်ပုံငွေ အဖွဲ့ Norges Bank က ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချရာတွင် ပါဝင်ကူညီမှုကြောင့် တရုတ်စီးပွားရေးလုပ်ငန်း Weichai မှလည်း ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းခဲ့သည်ဟု ကြေညာခဲ့သည်။

တရုတ်နိုင်ငံပိုင်လုပ်ငန်း Shandong Heavy Industry သည် Weichai ၏ မိခင်ကုမ္ပဏီဖြစ်ပြီး Weichai သည် မြန်မာစစ်အုပ်စု၏ ထရပ်ကားများအတွက် အင်ဂျင်စက်များ ရောင်းချရာတွင်လည်း Sinotruk နှင့် မိတ်ဖက်ဆောင်ရွက်၍ ပါဝင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article