27 C
Yangon

ရန်ကုန်-မန္တလေးရထားလမ်း မိုင်းကွဲ၍ ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

Must read

ရန်ကုန်၊ မေ ၂၄

ရန်ကုန်-မန္တလေးရထားလမ်းသည် ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းတွင် မိုင်းကွဲ၍ ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ရကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်မှ ၂ နာရီ ၃ မိနစ်အချိန်အတွင်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ် ကွင်းနှင့် ညောင်ပင်သာအကြား၊ ရထားလမ်း မိုင်တိုင် အမှတ် ၁၂၆/၇-၈ ၊ ပတ္တာရွာလမ်းကူအနီးတွင် မိုင်းပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ရထားအတွင်း သံလမ်း ၄ ပေခန့် ပြတ်ထွက်သွားပြီး ကွန်ကရစ်ဇလီဖာ ၅ တုံးခန့် ပျက်စီးသွားကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ပျက်စီးသွားဖြင့် ရထား 11UP ကို ညောင်လေးပင်ဘူတာတွင်လည်းကောင်း၊ 994DN ကုန်ရထားကို ဖြူးဘူတာတွင် ရပ်တန့်ထားရပြီး ရထားခရီးစဉ်များ ယာယီ ရပ်ဆိုင်းလိုက်ရကြောင်း၊ လတ်တလော နယ်မြေလုံခြုံရေးအရ စစ်ကောင်စီက ရထားလမ်း ပြင်ဆင်နိုင်ရေး ကြိုးစားနေကြောင်း သိရှိရသည်။

“ဒီရထားလမ်းတွေမှာ အဓိက စစ်တပ်က လက်နက်ခဲယမ်းနဲ့ အမြောက်တွေ၊ သယ်တာတွေရှိတယ်။ အများပြည်သူလည်း သုံးတယ်။ စစ်တပ်ကလည်း လက်နက်ခဲယမ်းနဲ့ စစ်သားတွေကို သယ်ယူတာတွေလည်းလုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article