25 C
Yangon

ဆားလင်းကြီး မြို့မရဲစခန်းမှ ရဲ တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာ

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း ၊ တပ်ခွဲ ၄ ၊ Salingyi Revolution Eagles တပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာကြောင်း သိရှိရသည်။

မေလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် မောင်ထူးကောင်းဆက်သည် G3 တစ်လက်၊ ၇ ဒသမ ၆၂ ကျည် ၁၅ တောင့်၊ ကျည်ဘောက်တစ်ဘေက် ၊ ဓားတစ်ချောင်းနှင့်အတူ CDM ပြုလုပ်လာကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း ၊ တပ်ခွဲ ၄ ၊ Salingyi Revolution Eagles တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

ပြည်သူလူထုနှင့်အတူ ရပ်တည်သော CDM ရဲတပ်ဖွဲ့ဝင်ကို ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီပေးကြရန် ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း ၊ တပ်ခွဲ ၄ ၊ Salingyi Revolution Eagles တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article