26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်အာဏာရှင် ချုပ်ငြိမ်းရေး ပန်းတိုင်ကို မြင်နေရပြီဖြစ်တဲ့အတွက် မဟာမိတ်စုဖွဲ့မှုတွေကို အကျယ်ပြန့်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့ရမှာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက် တွန်းပြောဆိုလိုက်ပါတယ်။
  • စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်တပ်ကာကင်းစခန်းကို PDF တပ်တွေက တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ က အသီးသီးသေကုန်ကြတဲ့အပါအပြင် ၅ ဦးကိုပါ အရှင်ဖမ်းမိထားပြီး ၊ သေနတ် ၉ လက်လည်း သိမ်းဆည်းရရှိထားတယ်လို့ စစ်ကိုင်းတိုင်း – ပကဖ ရဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
  • ပဲခူးတိုင်းက နတ်တလင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့ သတင်းတွေကို လိုက်လံ စုံစမ်း ထောက်လှမ်း နေတဲ့ စစ်ကောင်စီတပ်သား မောင်နိုင်ဆိုသူကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတဲ့အချိန် သေနတ် လုပြီး ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article