ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ရာ စစ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့တွင် ပေါက်မြို့နယ်၊ တပ်ကုန်းရွာသစ် ပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Fix Win Drone ဗုံးဖြင့် ဗုံးသီး အလုံး ၅၀ နှင့် Rocket အလုံး ၂၀ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း တပ်ကုန်းရွာသစ် အခြေစိုက် ပျူစောထီးစခန်းနှင့် ပျူစောထီးကင်းများကို ဗုံးသီးအလုံး ၄၀ ဖြင့် အဓိက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူခေါင်းဆောင်နေအိမ်ကို ဗုံးသီး ၈ လုံး ဖြင့်ပျက်စီးနိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်ကြောင့် တပ်ကုန်း ပျူစောထီး ၆ ဦး ဝန်းကျင် ဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။
ထို့ပြင် ပေါက်မြို့နယ်တောင်ပိုင်း ပင်တောင်ပျူစောထီးရွာကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ၎င်းရွာရှိ ပျူစောထီး ၃ ဦး ဗုံးစ ထိမှန်ပကာ ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ ၊ Black Eagle Drone Force ၊ URBAN UNDERGROUND REVOLUTION FORCE ၊ UURF-YSO ၊ ပေါက်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့ နှင့် Rocket Fighter (RFPPDF)တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar