ရန်ကုန်၊ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့နေပြီး ကျေးရွာ ၃ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုတ်စီရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မုတ်စီရွာ အနီးအနားရှိ ကျေးရွာ ၃ ခုမှ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ဖမ်းဆီးခံရမှု ရှိမရှိကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
“ရေဦးခွေးခြံကနေ ထွက်လာတဲ့ စစ်ခွေး အင်အား ၁၂၀ ခန့်လောက်ပါတဲ့ စစ်ကြောင်းက မုတ်စီကျေးရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေတယ်။ အနီးနာက ရွာတွေကပါ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင် အခြေအနေကို ဆက်လက် အတည်ပြုနေပါတယ်” ဟု အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Photo – ရေဦးမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar