ဒီကနေ့ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနဲ့ တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းတွေ၊ အမြောက်စခန်းတွေကို ထိန်းချုပ် လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
- ထိုင်းနဲ့ မြန်မာနယ်မြေအငြင်းပွားနေတဲ့ နယ်စပ်ဒေသ စခန်း ၈ ခုက UWSA “၀” တပ်တွေအနေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ ထိုင်းစစ်တပ်က အမိန့်ပေးလိုက်ပြီး စစ်ရေး ပြင်ဆင်မှုတွေကို ထိုင်းစစ်တပ်က လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
- မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူသွားတဲ့ စစ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့စစ်သားတွေကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar