28 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က လျှောက်ထား လိုက်တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က ICC တရားရုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
  • မြန်မာပြည်တွင်းက သတင်းတွေထဲက ကချင်ပြည်နယ်က သတင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ကချင်ပြည်နယ်မှာ စစ်အာဏာရှင်အစိုးရအဆက်ဆက်က ခွဲခြားအုပ်ချုပ်ခဲ့တဲ့ ကချင်အထူးဒေသ ၁ ဆိုတဲ့ သတ်မှတ်ချက်ကို KIO က ဖျက်သိမ်းလိုက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတူတကွတည်ဆောက်ကာ ဌာနေပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်တယ်လို့ KIO က ထုတ်ပြန်လိုက်ပါတယ်။
  • မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ တစ်မိုင်ကုန်းစခန်းကနေ ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးတဲ့စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး အရှင်မိကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article