31 C
Yangon

နတ်တလင်းမြို့နယ်၊ ဆီဆံကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆံကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း-၃၈ဝ၁ တပ်ခွဲ ၂ Phoenix D-F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆံကုန်းရွာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ဆီဆုံကုန်းရွာမှာ စစ်ခွေးတွေက လက်နက်ကြီးပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရတယ်။ ဘာတိုက်ပွဲမှ ဖြစ်တာမရှိပါဘူး။ ခွေးတွေ ရမ်းပစ်တာထင်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ ပြင်းထန်ဒဏ်ရာရတဲ့သူတွေပါပါတယ်” ဟု သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း-၃၈ဝ၁ တပ်ခွဲ ၂ Phoenix D-F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article