27 C
Yangon

ဒီးမော့ဆိုအနောက်ခြမ်းတနေရာကိုအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတနေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ အသေခံ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီဝန်းကျင်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KSP စခန်း တနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၅၀ ဗုံးကျဲချပြီးနောက် မိုးဗြဲမြို့မှ တက်လာသော အသေခံ ဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ KSP ရဲဘော် ၄ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီမထိုးခင်ပေါ့၊ Location အတိအကျ ရလို့ ချတဲ့သဘောလို့ ပြောလို့ရတယ်။ ဆူဆိုက် ဒရုန်းကတော့ မိုးဗြဲဘက်ကနေ တက်လာတာ။ နေရာ အတိအကျနဲ့ တွယ်တဲ့ အနေအထား မျိုးရှိ တယ်။ ပထမဆုံးကတော့ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးချတယ်။ နောက် ဆူဆိုက်ဒရုန်းချတာ။ KSP ရဲဘော် ၄ ဦး ကျတယ်လို့ ကြားတယ်၊ ဖြစ်ဖြစ်ချင်းက ၂ ဦးကျတာ။ ထိခိုက်မှုတစ်ချို့လည်းရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုခဲ့သော အသေခံ ဒရုန်းသည် SPV Suicide Drone အမျိုး အစားဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article