30 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ်က မောက်ကဒီးရွာမှ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ အောင်လံမြို့နယ်ရှိ ဗြန်ဒီရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၃ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မောက်ကဒီးရွာမှ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် မောက်ကဒီးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ် မောက်ကဒီးရွာမှ ၎င်းတို့ ဖမ်းဆီးထားလာသော ပြည်သူများကို ရှေ့မှ သွားခိုင်းပြီး လှည်းဦးကြီးကုန်းရွာကို ထပ်မံ ဝင်ရောက်စီးနင်းနေကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ရွာသာကြီးရွာကနေ ထွက်လာပြီးတော့ မောက်ကဒီးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လှည်းဦးကြီးကုန်းရွာကို ထပ်မံ ဝင်ရောက် စီးနင်းနေတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ အောက်လံမြို့နယ်၊ ဗြန်ဒီကျေးရွာကိုလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃ လုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် အောင်လံမြို့နယ်၊ ရွှေပန်းတောရဲစခန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး မကွေးတိုင်းနှင့် ပဲခူးတိုင်း အစပ်ရှိ ဗြန်ဒီကျေးရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ဗြန်ဒီရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတာပါ။ ပြည်သူတွေကိုလည်း တော်လှန်ရေး ထောက်ပို့မလုပ်ဖို့ဆိုပြီး ခြိမ်းခြောက်သွားတယ်။ ထောက်ပို့လုပ်ရင် ရွာလုံးကျွတ်မီးရှို့ပြီးတော့ လေယာဉ်နဲ့ ဗုံးလာကျဲမယ်လို့ ခြိမ်းခြောက်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ဗြန်ဒီကျေးရွာမှ နေအိမ် ၁ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားသေးကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article