ရန်ကုန်မြို့ပေါ်တွင် ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၂
ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားသည့် ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ မြို့နယ်အသီးသီးရှိ ကျောင်းသား၊ပြည်သူတို့နှင့်အတူ ကလောင်နီလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီ အင်အားချိနဲ့ပြိုကွဲလာမှုကို ရန်ကုန်ပြည်သူများက ၀မ်းသာပီတိဖြစ်နေကြောင်း၊ ပြည်သူကို အကြမ်းဖက်ဖိနှိပ်နေသော စစ်ကောင်စီရှုံးလေ ပြည်သူက ပြုံးလေဖြစ်ကြောင်း ဖော်ပြသော အနီရောင်စာသားများကို ရန်ကုန်မြို့အနှံ့ဖော်ကျူးရေးသားလှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။