34 C
Yangon

ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူစခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၃ ဦး သေဆုံးပြီး PDF ၄ ဦးကျဆုံး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူရွာစခန်းတိုက်ပွဲနှင့် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၃ ဦးထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၃ မိနစ်အချိန် ချောင်းဦးမြို့နယ် ၊ ကင်မွန်တော်ပျူစောထီးရွာ သိမ်းပိုက်နိုင်ရေးအတွက် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ၁ နာရီခန့်အကြာတွင် ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံ စစ်ကောင်စီ အထိုင် စခန်းများမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅၂ ကြိမ် ပစ်ကူပေးခဲ့သည့် အပြင် မိတ္ထီလာလေ တပ်မှ FTC-2000G Jetfighter ဖြင့် ညနေ ၄ နာရီ ၁၂ မိနစ်တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် ညနေ ၆ နာရီ ၁၇ မိနစ်တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ၊ မုံ ရွာမြို့နယ် ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ် တောပု ပျူစောထီးရွာမှ ပူးပေါင်း အင်အား ၂၀၀ ခန့်ဖြင့် စစ် ကူစစ်ကြောင်းထွက်လာရာ လမ်းကြောင်းဖြတ်တောက်ရေး တာဝန်ယူထားသော ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များနှင့် ၁၅ မိနစ်ခန့်အကြာ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကူအမြောက်အများပေးနေသည့်ကြားမှ ကင်းမွန်ထော်ပျူစောထီးရွာ အရှေ့ဘက်ရှိ ဘန် ကာများ ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး ည ၈ နာရီခန့်တွင် စစ်တပ် စစ်ကူစစ်ကြောင်းများ ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာသဖြင့် မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၄၂ မိနစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခမှ ချောင်းဦးမြို့တွင်းသို့ ရောက်ရှိနေသော အင်အား ၇၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အပြင် ၇ နာရီ ၂ မိနစ်အချိန်၌ လမ်းကြောင်းဖြတ်တောက်ရေးတပ်ဖွဲ့က ရင်ဆိုင် တိုက်ပွဲဆင်နွှဲ ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ အထိနာပြီး မြပုလဲ အထိုင်စစ်တပ် စခန်းမှ ၁၂၀ မမ လက်ကြီး ၂၁ ကြိမ် ပစ်ကူပေးခဲ့သည့်အပြင် မိတ္ထီလာလေတပ်မှလည်း FTC-2000G Jet fighter ဖြင့် လေကြောင်း ပစ်ကူ ၁ ကြိမ် ၊ နမခ မှ paramotor ၂ စီး ဖြင့် လေကြောင်း ပစ်ကူ ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန် ကင်းမွန်တော်ရွာမှ စစ်တပ် စစ်ကြောင်းက ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ မြပုလဲအထိုင်စစ်တပ်စခန်းမှ ၁၂၀မမ လက်နက်ကြီး ၂၃ ကြိမ် ၊ မိတ္ထီလာလေတပ်မှ Jet fighter ဖြင့် ည ၈ နာရီ ၃၁ မိနစ် နှင့် ၃၄ မိနစ်တို့တွင် ၂ ကြိမ်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စခန်းသိမ်းဖို့သွားတာပါ။ အင်အားအကူစစ်ကြောင်းရယ်၊ လက်နက်ကြီးထုတာရယ်။ လေကြောင်း တိုက်ခိုက်မှုတွေ အဆမတန်များတဲ့အတွက် ဘန်ကာ ၂ လုံးပဲ ကျန်တဲ့အချိန်၊ စစ်ကြောင်းကလည်း ပျူရွာအနီးဆုံးချဉ်းကပ်လာတဲ့အချိန်မှာ ပြန်ဆုတ်ခွာခဲ့ရတာ၊ ဘန်ကာတွေသိမ်းမိခဲ့ပေမယ့် လက်နက် ခဲယမ်းတွေမရခဲ့ဘူး။ သူတို့က ဘန်ကာ ၁ လုံးကျသွားရင်နောက်ဆုတ်သွားတဲ့အချိန် ခဲယမ်းပြန်ပြန် သယ်သွားတဲ့အနေအထားဗျ။ သေတဲ့ စခ ၂၃ ဦးက ဖြတ်တောက်ရေးတွေရော စုစုပေါင်းပါ။ ရဲဘော် ၄ ဦးကျဆုံးရတာက ကင်မွန်းထော်ရွာ တိုက်ပွဲတိုက်ရင်းနဲ့ လက်နက်ကြီးဘာညာကြောင့် ထိပြီးကျရတာ ပါ” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် ပူးတွဲ တာဝန် ထမ်းဆောင်လျက်ရှိသော ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ မဟာမိတ်တပ် များဖြစ်သော ဗျူဟာ ၄၇ ၊ ကျောက်လုံးကြီး (KLG) ၊ B-21 တပ်ရင်း ၊ Mobile Team ၊ Budalin Guerrilla force ၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ(၁) (ရွာဇော်ကြီးတပ်ခွဲ) ၊Kanni Three Brothers Force ၊ ရတနာပုံံ ၊ Chindwin Brother ၊ Bandula Defense Force (ဘုတလင်မြို့နယ်) ၊ VENOM Revolution Force (VRF) ၊ မန္တလေးခရိုင် တပ်ရင်း (၅) ၊ မိတ္ထီလာခရိုင်တပ်ရင်း (၃) ၊ မတ္ထီလာ ပကဖ ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Silingyi Task Force Drone Team (SSTF Drone Team) ၊ Sagaing District Drone Team (SDDT) ၊ကဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် SRC (Spring Revolution Clinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ် လေးကြောင်းအထိုင်ကလည်း လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article