AUTHOR NAME
DeJay LuLu
5140 POSTS
0 COMMENTS
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဥကရစ်ထစခန်းကို အင်အားဖြည့်တင်းလာပြီး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ပြင်းထန်
ရန်ကုန်၊ ဇွန် ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNLA၊ KNDO ပူပေါင်းတပ်ဖွဲ့က ၃ ရက်ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ဥကရစ်ထခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက်နေ့နံနက်တွင် KNDO...
လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးမှာ မြိုင်မြို့နယ်မှ မနန္ဒာဖြစ်ပြီး CDM ရဲတပ်သား ဇော်လင်းအောင် လွတ်မြောက် စေရန် ကူညီပေးသည့်အတွက် စစ်တပ်နှင့် ပျူစောထီးက မနန္ဒာကို ခေါင်းဖြတ် သတ်ခဲ့
By ရန်ကုန်ခေတ်သစ်
ယခုရက်ပိုင်းအတွင်း လူမှုကွန် ရက်များတွင် အမျိုးသမီး တစ်ဦးကို ခေါင်းဖြတ် သည့် ဗီဒီယိုဖိုင် ပြန့်နှံ့နေပြီးစစ်တပ်ထောက်ခံသူများက အမျိုး သမီး တစ်ဦးကို PDF များ၏ ခေါင်းဖြတ် သတ်သည့် လုပ်ရပ်ဟု ဝါဒဖြန့်လျက်ရှိနေသည်။
အမှန်တကယ် လက်တွေ့တွင် အဆိုပါဗီဒီယိုထဲတွင် ခေါင်းဖြတ်ခံရသူ အမျိုး သမီး မှာ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးကျေးရွာမှ လမ်းခင်းကျောက် လုပ်ငန်း လုပ် ကိုင်သူ မနန္ဒာ (ရန်ကုန်မှ ခဏပြန်လာသူ) ဖြစ်ပြီး ၎င်းသည် သရက်မြို့မ ရဲ စခန်းမှ CDM ရဲတပ်သား ဇော်လင်း အောင် ထွက်ပြေး လွတ်မြောက်စေရန် ကူညီ ဖေးမ ခဲ့သူ ဖြစ်သည်။
စစ်တပ်၊ ရဲနှင့် ပျူစောထီးများက CDM ရဲတပ်သား ဇော်လင်းအောင်ကို ကူညီ ပေးမှုဖြင့် မနန္ဒာကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ခေတ်သစ် က စုံစမ်း သိရှိရသည်။
ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ် မြိုင်မှာဖြစ်တာလား။ အသတ်ခံ ရတဲ့ အမျိုးသမီးက ဘယ်သူလဲ။ ဘာကြောင့် အသတ်ခံရတာလဲ။
ဖြေ။ ။ ဒီကိစ္စ မြိုင်မှာ ဖြစ်တဲ့ကိစ္စ မှန်ပါတယ်။ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာအုပ်စု၊ ကြံစိမ့်ကြီး ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ကိစ္စပါ။ ရှင်မတောင် တောင် ခြေအနီးမှာ ကြံစိမ့်ကြီးကျေးရွာအုပ်စု ကြံစိမ်းကြီး ကြံစိမ့်လေး၊ တောင်ကြား ဆိုတဲ့ ရွာ ၃ ရွာရှိတယ်။
ပခုက္ကူ တပ်မ ၁၀၁ နဲ့ မြိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ကြံစိမ့်ကြီးကျေးရွာကို ရောက်ရှိလာပြီးတော့ CDM လုပ်တဲ့ ရဲတပ်သား ဇော်လင်းအောင်ကို လိုက်လံ ရှာ ဖွေရာမှာ CDM ရဲ ဇော်လင်းအောင် ထွက်ပြေးတာကို လက်ခံ ကူညီပေးတဲ့ အတွက် ကျေးရွာသူ လမ်းခင်းကျောက်ထုတ်လုပ်ငန်းလုပ်သူ မနန္ဒာ (ရန်ကုန်မှ ခဏ ပြန်လာသူ)ကို မေးမြန်းပြီး ခေါင်းဖြတ်သတ်ဖြတ်တယ်။
CDM လုပ်တဲ့ ရဲတပ်သားဇော်လင်းအောင်က သရက်မြို့မရဲစခန်းက ရဲ။ ဇာတိ က မြိုင်က ။ အဲဒါ CDM လုပ်ပြီးမြိုင်ကို ပြန်လာတာ။ အဲဒါကို ရန်ကုန်ကနေ ပြန်ရောက်လာတဲ့ မနန္ဒာက ရဲတပ်သား လွတ်သွားအောင် ကူညီပေးလိုက် တယ်။
အဲဒီအမှုနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲနဲ့ တပ်နဲ့ပါလာတဲ့ ပျူစောထီးတွေက မကျေ နပ် ချက်နဲ့ စွပ်စွဲပြီးတော့ မနန္ဒာကိုခေါင်းဖြတ် သတ်တာ။ နောက်လူ တွေ မလုပ်ရဲအောင် အကြောက်တရားနဲ့ လုပ်ပြသွားတာ။ ခေါင်းဖြတ် သတ်တဲ့သူတွေက တပ်မ ၁၀၁၊ မြိုင်ရဲစခန်း ပူးပေါင်းထားတဲ့ ရှင်မတောင်ဆရာတော် (မဘသ) ခေါင်း ဆောင်တဲ့ ပျူစောထီး(ခေါ်) ပြည်သူ့စစ်တွေက အဲဒီလို သတ် သွား တာပါ။ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မှာ ဖြစ်တာပါ။
မေး။ ။ မနန္ဒာကို ခေါင်းဖြတ်သတ်တာကို စစ်တပ်ဘက်က ဝါဒဖြန့် တာက PDF က ခေါင်းဖြတ်သတ်သလိုဝါဒဖြန့် နေတယ်။ အဲဒါ မဟုတ်ဘူးဆိုတာ ဘယ်လို ခိုင်ခိုင်မာမာရှင်းနိုင်မလဲ။
ဖြေ။ ။ အဲဒီဒေသက မြိုင်နဲ့ ရေစကြို နယ်ကြား ဒေသဖြစ်ပါတယ်။ အဲဒီ ဒေသ ဟာ မြိုင်အစွန်အဖျားဖြစ်တဲ့အပြင် ရှင်မတောင် သဘာ၀ ထိန်း သိမ်းရေး နယ်မြေအတွင်းမှာ ကျရောက်နေတဲ့ ဒေသလည်းဖြစ်တယ်။
ပြီးခဲ့တဲ့ NLD အစိုး ရ လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုး တက် စေရေးနဲ့ ရေပြတ် လပ်မှု မရှိစေရေးအထူး အလေး ထား ဆောင်ရွက်ပေးခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေရဲ့ မသိနားမလည်မှုကို အသုံးချပြီး စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ပုံစံလိုမျိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ် တယ်။
အဓိက CDM ဝန်ထမ်းတွေ၊ တပ်CDM တွေ ၊ ရဲ CDM တွေ လက်မခံရဲအောင် စံပြအနေနဲ့ လုပ်တယ်ဆိုပြီး ကြုံးဝါးပြီး သေချာ ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ကို ဒေသခံတွေ အားလုံး သိကြတယ်။ မြိုင်မှာ ဒီဖြစ်စဉ်ကနာမည် ကြီး ဖြစ် စဉ်ပါ။ စစ်တပ်၊ ပျူစောထီးနဲ့ ရဲတွေ ဘယ်လောက်ရက်စက်လဲဆိုတာ ပြည်သူ တွေ သိသွားတဲ့လုပ်ရပ်ပါ။
မေး။ ။ လုပ်ငန်းရှင် မနန္ဒာကို ခေါင်းဖြတ်သတ်တဲ့အထဲမှာ ပါတဲ့ တပ်နာ မည်၊ ရဲစခန်းနဲ့ ပျူစောထီးတွေကိုသေသေချာချာ ပြန်ပြောပေးပါ။
ဖြေ။ ။ တပ်က ပခုက္ကူ တပ်မ ၁၀၁၊ မြိုင်ရဲစခန်းနဲ့ ကန်နီရွာ ၊ သရက်ကွ၊ ဝက်ပုတ် ကျေးရွာမှာနေတဲ့ ပြည်သူ့စစ်(ခေါ်) ပျူစောထီးက လုပ်ခဲ့တာ ဖြစ် ပါတယ်။
ဒီလို ဗီဒီယို ရိုက်ကူးပြီးတော့ PDF တွေအားကောင်းတဲ့ ဒေသ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်းတဲ့ ဒေသ၊ပြည်သူ့အာဏာ ပြည်သူပိုင်တဲ့ နေရာ တွေမှာ သပ်လျှိုသွေးခွဲဖို့ တမင်ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးပြီး PDF တွေကိုအထင် လွဲအောင် လုပ်ဖို့ ၊ PDF အားပေးတဲ့သူတွေ ကြောက်အောင် ခြိမ်း ခြောက် ဖို့ ရိုက်ကူးသွားခဲ့တာပါ။
မြိုင်မြို့နယ်တစ်မြို့နယ်လုံးမှာ စစ်တပ်က ပြည်သူ့စစ်(ခေါ်)ပျူစောထီး ၆ ဖွဲ့ အင်အား (၂၀၀)ဦး၊ လက်နက်(၁၂၀) တပ်ဆင်ထားရှိပါတယ်။
ဓာတ်ပုံ- စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ဖမ်းဆီးထားခဲ့သော မနန္ဒာ။
သရက်ချောင်းမြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဆက်တိုက် ဖြစ်ပွားပြီး စစ်သား ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
ရန်ကုန်၊ ဇွန် ၂၈
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့တွင်...
Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်By ရန်ကုန်ခေတ်သစ်ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးတွေ ပစ်လွှတ် တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို...
လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေကျပ် ၃၄၄ သိန်း NUG ချီးမြှင့်
ရန်ကုန်၊ ဇွန် ၂၈
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက် နှင့် တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ် သတ် မှတ်ထားပြီး CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း ၃၄၄ သိန်း...
ပဲခူး၊ သာယာဝတီမြို့ပေါ်တွင် ညကင်းစောင့် စစ်သားအချင်းချင်း ပစ်ခတ် မှု ဖြစ်ပြီး တပ်သားဇင်ကို လည်ပင်းကျည်ဖောက်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရ
ရန်ကုန်၊ ဇွန် ၂၈
ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း...
မြစ်သား၊ မြင်းခြံ၊ ကြို့ပင်ကောက်နှင့် မြင်းမူတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီများ အပါအဝင် ၁၀ ဦး ပစ်ခတ် ခံရ ပြီး သေ ဆုံး
ရန်ကုန်၊ ဇွန် ၂၈
မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်...
ကလေးမြို့လမ်းဆုံတွင် ‘မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး’ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၂၈စစ်ကိုင်းတိုင်း၊ ကလေးမြို့ လမ်းဆုံတွင် ယနေ့ ဇွန်လ ၂၈ ရက်၌ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ' မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး' ဘန်နာချိတ်ဆွဲကာ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းက ဆန္ဒပြကြသည်။
ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော်ဝင်း လိုက်ပါသော ကား ဗုံးပစ်ခံ ရပြီး မြို့မ ရဲစခန်း ရှေ့တွင်လည်း ဗုံးပစ်တိုက်ခိုက်မှုဖြစ်၊ စစ်တပ်နှင့်ရဲက ရမ်းသမ်း ပစ်ခတ် ဆဲဆိုသောင်းကျန်း ဖမ်းဆီးနေ
ရန်ကုန်၊ ဇွန် ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းရှေ့နှင့် ဆက်သွယ်ရေးရုံး အနီးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော် ဝင်း လိုက်ပါလာသော ကား ဗုံးပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၈...
Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့် ချခြင်းနှင့် ပြည်သူ လူထုကို အနိုင်ကျင့်နေတာတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးတွေကို Justice Lady Mission စစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေပြီလို ရန်ကုန်တိုင်း...