30 C
Yangon
spot_img

CATEGORY

News

ကနီ၊ ယင်းမာပင်နှင့် နတ်တလင်းတို့တွင် စစ်ကောင်စီ စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂၁ဦးထက် မနည်း သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၁ဝဝခန့်သည် ချိုင်ရွာမှ ငါးဖျက်ရွာသို့ စစ်ကြောင်း ထိုးလာစဉ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး...

နေပြည်တော် အမှတ် ၄၅ ကင်းထောက်လေယာဉ်စခန်းမှ လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင် မိသားစုနှင့်အတူ CDM ဝင်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ ဗိုလ်ကြီးဇေသူအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ...

လောင်းလုံး သဗျာရွာရှိ အအေးဆိုင်တစ်ခုတွင် မွေးနေ့ပွဲပြုလုပ်နေသည့် လူငယ် ၂၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာရှိ မိုးမိုး 3D အအေးဆိုင်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် မွေးနေ့ပွဲ ပြုလုပ်နေသည့် လူငယ် ၂၄ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။...

ပူတာအို၊ ရှိန်ဂတ်ဘွမ်စခန်းတွင် ၅ ရက်ဆက်တိုက် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန် ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှိန်ဂတ်ဘွမ် (ရှိန်ဂတ်တောင်ကုန်း) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်နှင့် PDF တပ်ဖွဲ့ဝင်များ ဖေဖေါ်ဝါရီလ ၂၂ ရက် ယနေ့တွင် ထပ်မံဝင်တိုက်နေကြောင်း သိရှိရပြီး စစ်ကောင်စီက နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ်...

မိုးဗြဲမြို့အနီး ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံး၊ သံချပ်ကာ ၂ စီးနှင့် ထောက်ပို့ စစ်ကား ၃ စီး ပျက်စီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ စတင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ၊ သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် ထောက်ပို့စစ်ကား ၃ စီးကို...

ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက ယနေ့ နံနက် ၆ နာရီအချိန် ဝင်ရောက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ ယနေ့ နံနက်...

ဖာပွန်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ရုံးကို KNLA ဖျက်ဆီး၊ တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ ယွန်းစလင်းမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီ အကောက်ခွန်ရုံးကို KNLA က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး...

မန္တလေး ပြည်ကြီးတံခွန် ခ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၁၁၅လမ်း၊ ၆၂ Bလမ်းနှင့် ၆၃လမ်းကြား (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ...

ရန်ကုန်တောင်ဥက္ကလာရှိ စစ်တပ် ၄၃၅နှင့် ၄၃၆ တပ်ရင်းနှင့်လုံခြုံရေးဂိတ်ကို နှစ်ခြောက်လုံး သပိတ်အထိမ်းအမှတ် လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်းတောင်ဥက္ကလာမြို့နယ်တွင် ပြန်လည်စုရုံး နှစ်ခြောက်လုံး သပိတ် အထိမ်းအမှတ် အနေဖြင့် ဖက်ဒရယ်လွတ်မြောက်ရေးတပ်တော်၊လှိုင်သာယာတပ်ခွဲက ယနေ့ ၂၂ရက်နေ့ နံနက် ၅ နာရီ ၃၆တွင်တောင်ဥက္ကလာပမြို့နယ်ရှိ ၄၃၅/၄၃၆ တပ်ရင်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်လွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်သည်။ ယင်းနောက် ထပ်မံ၍...

မြောက်ဒဂုံရဲစခန်းနှင့် ၇/၈ လမ်းဆုံအနီးတွင် ဗုံး ၄ ကြိမ်ပေါက်၊ သန်လျင်ရှိ မဘသ ခေါင်းဆောင် YMBAအဖွဲ့ဝင်နေအိမ် ဗုံးပစ်ခံရ၊ သမိုင်းဗုံးခွဲမှု ဗမာ့လူငယ်နှင့်MDF လက်ချက်ဟု ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံအနီးရှိ ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုများ ၄ ကြိမ် ယခုည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ရဲစခန်းနားနဲ့ ၇/၈ လမ်းဆုံနားမှာ ဗုံးတွေ ဆက်တိုက်ပေါက်တာ။ သေနတ်သံ၂ချက်လည်းကြားရတယ်။...

Latest news

- Advertisement -spot_img