27 C
Yangon
spot_img

CATEGORY

News

ထီးလင်းမြို့နယ်၊ ဆေးမင်းကျေးရွာရဲစခန်း ကို YDF-ထီးလင်း အလစ်ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ၊ ရေဦးတွင် စစ်သားနှင့်ပျူစောထီး ၄ ဦးသေဆုံး၊ သပိတ်ကျင်းတွင် ရဲကင်းဗုံးကွဲပြီး ရဲ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၆ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောကျေးရွာရဲစခန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) ကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် အလစ်ဝင်တိုက်ခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း...

ဝက်လက်တွင် ရေကြောင်း ရဲကင်းရုံး PDF ဝင်တိုက်မှု ရဲ ၂ ဦး သေဆုံးပြီး သေ နတ်၂ လက်ဖြင့် ရဲ ၃ဦးဖမ်းမိ၊ ဖမ်းမိသူ ရဲ ၃ ဦးလုံး ဒဏ်ရာများနှင့်သေဆုံး၊ မြောင်တွင်လည်း မြို့နယ် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှု ရဲသေဆုံးမှုများနိုင်

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အင်ဒေါင်း ကျေးရွာအနီးရှိ ရေကြောင်းရဲကင်းရုံးကို တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့မှ ဦးဆောင်ကာ ဧပြီလ ၁၅ ရက်နေ့ ည၈နာရီ ၂ဝ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ၂ ဦးသေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး သေနတ်...

ကျွန်းလှမြို့နယ် ဝေလမူရွာကို အကြမ်းဖက် စစ်ကောင်စီ မီးတင်ရှို့မှုကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းဒေသရှိ ဝေလမူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန်မှ စတင်ကာ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၂၅ လုံး မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ ...

ရန်ကုန်မြောက်ဥက္ကလာရဲစခန်းအနီးနှင့် တွံ့တေး စစ်ဘက်ရေးရာ လုံခြုံရေးရုံးတွင် ဗုံးပေါက်ကွဲ ၊ ဖျာပုံသင်္ကြန်မဏ္ဍပ်အနီးနှင့် ဟင်္သာတတွင်လည်း ဗုံးများ ဆက် တိုက်ပေါက်၊ မြစ်ကြီးနားလ၀ကရုံးတွင်လည်း ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၁၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပရဲစခန်းအနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပ၊ အမှတ် ၉ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ယမန်နေ့ညပိုင်းလည်း ဗုံးများဆက်တိုက်ပေါက်ကွဲကြောင်း သိရှိရသည်။...

ပဲခူးနှင့် ပြည်မြို့တို့ တွင် သင်္ကြန်အတက်နေ့၌ ရေမစိုသပိတ်ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၆ ပဲခူးနှင့် ပြည်မြို့ပေါ်တွင် အကြမ်းဖက်စစ်အာဏာရှင်လက်အောက် ကျင်းပသည့် သင်္ကြန်ပွဲတော်၌ ပြည်သူများက ပါဝင်ခြင်းမပြုဘဲ ရေမစို သပိတ်ဖြင့် ဆန္ဒပြနေကြသည်ကို ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့၌ မြင်တွေ့ရသည်။

ကျိုက်မရော ချောင်းနှစ်ခွ တံတားရှိ စစ်ကောင်စီလက်အောက်ခံ BGF ကင်းစခန်း ပစ်ခတ်ခံရပြီး BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များ စခန်းချထားသော ကင်းစခန်းကို ယနေ့ ဧပြီလ ၁၆ ရက် နံနက်တွင် အမည်စိစစ်ဆဲအဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။"BGF စခန်း...

မုံရွာ အမှတ် ၂ ရဲစခန်းကို PDF တပ်များစုပေါင်း၍ သင်္ကြန်အတက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်၊ ရဲ ၁၂ ဦးသေဆုံးနိုင်

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ အမှတ် ၂ ရဲစခန်းကို PDF တပ်များစုပေါင်း၍ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ရဲ ၁၂ ဦးသေဆုံးနိုင်ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) က...

မုံရွာမြို့ပေါ်တွင် သင်္ကြန်အကြတ်နေ့ စစ်တပ်ကိုဦးတည်သော ပစ်ခတ်တိုက် ခိုက်မှုများဖြစ်ပေါ်ပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် သင်္ကြန်အကြတ်နေ့ စစ်ကောင်စီတပ်များကို ဦးတည်သော ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တမာတန်းလမ်းဆုံမီးပွိုင့်တွင် မုံရွာပြည်သူ့ကာကွယ်ရေး PDF က...

ခင်ဦးတွင် စစ်တပ် တပ်စွဲထားသော နေရာများ ၂ရက်ဆက်တိုက် တိုက်ခိုက် ခံရပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ထက်မနည်း သေဆုံး၊ PDF ရဲဘော် ၂ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဧပြီလ ၁၄ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ဦး ထက်မနည်း ကျဆုံးကာ PDF ရဲဘော်...

ပေါက်မြို့နယ် ကျောက်အိုးရွာကို စစ်တပ်က ၃ကြိမ် မီးဝင်ရှို့ ပြည်သူပိုင် နေအိမ် ၁ဝဝခန့် မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၅ မကွေးတိုင်း ပေါက်မြို့နယ် ကျောက်အိုးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၁၁ရက်၊ ၁၄ရက်နှင့် ၁၅ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၁ဝဝခန့် မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ...

Latest news

- Advertisement -spot_img