35 C
Yangon
spot_img

CATEGORY

News

လှည်းတန်းတွင် လူငယ် ၈ ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး၊ ဒဂုံတက္ကသိုလ် ကျောင်းသား ၅ဦး ပျောက်ဆုံးနေ၊ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးနေပြီး သန်လျင်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ နံနက်ပိုင်း ဧည့်စာရင်းစစ်

ရန်ကုန်၊ ဧပြီ ၂၂ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်တန်းလမ်းတွင် လူငယ် ၈ ဦးကို ယမန် နေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်က ညအချိန် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဧပြီလ ၂၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် လှည်းတန်းလမ်းရှိ "လှည်းကလေး...

မြစ်ကြီးနား၊ ပလန ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ ထိခိုက်သေဆုံးသူများကို မပခ စစ်ဆေးရုံသို့ လူနာတင်ကား ၃ စီးဖြင့် ပို့ဆောင်

ရန်ကုန်၊ ဧပြီ ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု၊ ပြန်လည်နေရာချထားရေး (ပလန) ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၂၁ ရက် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး...

လေးကေ့ကော်တွင် စစ်တပ်က ယခုည အပြင်းအထန် ထိုးစစ်ဆင်နေ၊ လက် နက်ကြီးများဆက်တိုက်ပစ်၍ လက်နက်ကြီးပစ်ခတ်သံများ ထိုင်း-မြန်မာနယ် စပ် မဲဆောက်ဘက်ခြမ်းမှပင် ကြားနေရ

ရန်ကုန်၊ ဧပြီ ၂၁ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ယခု အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း PDF သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ "လေးကေ့ကော်ဘက်မှာ ရသေ့ဂူတို့ အဲဒီဘက်တွေကို စစ်တပ်ဘက်က စစ်ကြောင်း ၅ ကြောင်းနဲ့ထိုးတယ်။ ညနေ ၆...

မကွေး ပေါက်မြို့နယ်နှင့် စစ်ကိုင်း ချောင်းဦး၊ ဒီပဲယင်း၊ ရေးဦးနှင့် ယင်းမာပင်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ ပြည်သူပိုင် နေအိမ် ၉၈လုံး မီးလောင်ပြာကျပြီး ပြည်သူ ၂ဦး ပစ်သတ်ခံရ

ရန်ကုန်၊ ဧပြီ ၂၁ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဒိန်းကွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၀ရက်နေ့တွင် နံနက် ၈နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၅လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ...

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆေးရုံမှ ဒုတပ်ကြပ် မြင့်သိန်း မိသားစုနှင့်အတူ CDM လုပ်၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

ရန်ကုန်၊ ဧပြီ ၂၁ ရခိုင်ပြည်နယ် ၊ အမ်းမြို့ ၊ အမှတ် (၂) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ (၂/၃၀၀) တပ်ရင်းမှ ဒုတပ်ကြပ် မြင့်သိန်း သည် စစ်ခေါင်းဆောင်များ၏ မတရား အကြမ်းဖက်သည့် လုပ်ရပ်များကို မလိုလားသည့်အတွက်ဧပြီလ ၁...

ကလေးမြို့နယ် နန်းကြီးချောင်းရွာကို စစ်တပ်က ဝင်စီးပြီး ငွေကြေး သိန်း ၁ဝဝကျော်နှင့် စားသောက်ကုန် ပစ္စည်းများကို ခိုးယူလုယက်၊ အောင်မင်္ဂလာရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပြည်သူပိုင် ဆန်စက်နှင့် နေအိမ် ၁၃လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၃ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ စုစောင်းထားသော စုဗူးများထဲမှ ငွေကြေး သိန်း ၁ဝဝ ကျော်နှင့် အစားအသောက် ပစ္စည်းများကို...

ရန်ကုန်၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီး မိသားစုနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်ခတ်ခံရကာ ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၁ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် တကောကန်ကျေးရွာ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ စစ်ထောက်လှမ်းရေးဟောင်း သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာတွင် ယနေ့နံနက် ၆ နာရီခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၉ ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Khayan Channelက ပြောသည်။ "ဒီနေ့မနက် ဒလန်သန့်ဇင်က...

စစ်ကိုင်းတိုင်း၊ အရာတော်၊ ထီးချိုင့်နှင့် ရွှေဘိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းချောင်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယမန်နေ့ ဧပြီလ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးခန့် သေဆုံးနိုင်ကြောင်း အရာတောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။နောင်ကြီးအိုင်ရဲစခန်းမှ ထွက်ခွာလာသော အင်အား...

တန့်ဆည်တွင် အင်းရွာနှင့် ဂဒိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်ပစ်ခတ်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ် ယာဉ် ၂ စီးဖြင့် စစ်သားများ ပို့ဆောင်

ရန်ကုန်၊ ဧပြီ ၂၁ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းရွာှနင့်ဂဒိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှစတင်၍ ...

Update News-ခရမ်းမြို့နယ်တွင် ယနေ့နံနက် စစ်ကား ချောင်းထဲထိုးကျမှု ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးသေ

ရန်ကုန်၊ ဧပြီ ၂၁ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က ကမာကလူကျောက်တံတား အရောက်၌ စစ်ကားတစ်စီး ချောင်းထဲထိုးကျခဲ့ရာ စစ်ဘက်ဆိုင်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား...

Latest news

- Advertisement -spot_img