29 C
Yangon
- Advertisement -spot_img

TAG

Crime

ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားသော စစ်တပ် စစ်ကြောင်းက ဆောမြို့နယ် အတွင်းကို ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၊ ပခုက္ကူတွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ

ရန်ကုန်၊ မေ ၂၀ မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ သို့ ဝင်ရောက်သွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆောမြို့နယ် အတွင်းကို ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ...

ပုလောမြို့နယ် ကဒဲကျေးရွာအနီး စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၀ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာအနီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀...

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ယနေ့ မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်ပြီး လော...

ကနီတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး နေအိမ်နှင့် စစ်ရှောင်တဲများကို ဆက်တိုက်မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မေ ၁၉ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး နေအိမ်နှင့် စစ်ရှောင်တဲများကို ဆက်တိုက်မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဆောမြို့နယ်ရှိ တပြင်းကျေးရွာတွင် စစ်တပ်က စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ်အရွယ် ဒေါ်မိစိုး (ခ) တင်မာစိုးကို မုဒိမ်းကျင့် သတ်ဖြတ်၊ ကျေးရွာအနီးကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၉ မကွေးတိုင်း၊ ဆောမြို့နယ်၊ တပြင်းကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ်အရွယ် ဒေါ်မိစိုး (ခ) တင်မာစိုးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၁၅ ရက်နေ့တွင်...

မောတောင်မြို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ပြည်သူ ၂၀၀ ကျော်နှင့် သံဃာတော် ၁၀ ပါးကို မြို့ပေါ်တွင် ဖမ်းဆီး ရိုက်နှက် နှိပ်စက်နေ

ရန်ကုန်၊ မေ ၁၉ တနင်္သာရီတိုင်း၊ မောတောင်မြို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရပြီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၀၀ ကျော်နှင့် သံဃာတော် ၁၀ ပါးကို မြို့ပေါ်တွင် ဖမ်းဆီး ရိုက်နှက် နှိပ်စက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလပိုင်းမှ စတင်ပြီး မောတောင်မြို့ကို...

ကျောက်ပန်းတောင်းမြို့တွင် စစ်တပ်က နေ့စဉ်ရက်ဆက် လူငယ်များကို အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး K-pay ဖြင့် ငွေလွှဲခိုင်းကာ ပြန်လွှတ်ပေး၊ မုံရွာတွင်လည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရပြန်

ရန်ကုန်၊ မေ ၁၉ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် ထွေ/အုပ်အဖွဲ့များ ပူးပေါင်းကာ နေ့စဉ် ရက်ဆက် လူ ငယ်များကို အဓမ္မပေါ်တာဆွဲပြီး ဖမ်းဆီးခံရသော လူငယ်များထံမှ သိန်းရာချီ တောင်းခံကာ ပြန်ပေးဆွဲငွေညှစ်နေကြောင်း ဒေသ ခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။ နေ့စဉ် နံနက် ၆ နာရီမှစတင်၍...

တာချီလိတ်မြို့ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများက လူကုန်ကူးခံထားရသော အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများထံသို့ ထပ်မံ ရောင်းစား ကျွန်ပြုစေခိုင်းနေ

ရန်ကုန်၊ မေ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းက ၎င်းတို့ထံတွင် ရောက်ရှိနေသော လူကုန်ကူးခံရသည့် အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများသို့ ပို့ဆောင် ထပ်မံရောင်းစား ကျွန်ပြုစေခိုင်းမှုများရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် - SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင်...

ကျောက်ဖြူနှင့် ဘားအံတွင် စစ်တပ် လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၉ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရကာ ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း...

မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စျေးဆိုင်နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စျေးဆိုင်နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ မေလ ၁၈ ရက်နေ့...

Latest news

- Advertisement -spot_img