27.9 C
Yangon
- Advertisement -spot_img

TAG

Crime

ကျောက်ဖြူ၊ စနဲမြို့အနီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၍ ပြည်သူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ရ

ရန်ကုန်၊ မေ ၃၀ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၍ ပြည်သူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင် ပြည်သူအရေး ကူညီပေးနေသော ဇင်းချောင်းလူငယ်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

ကနီတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေ၍ ပြည်သူ ၃ သောင်းကျော် နေရပ်မပြန်နိုင်သေး၊ မြင်းမူတွင်လည်း စစ်တပ်ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၀ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၁ လကျော်ကြာ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ သောင်းကျော် စားနိပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလကုန်ပိုင်းမှ...

မောတောင်မြို့တွင် တော်လှန်ရေးတပ်များကို ကူညီသည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်သူများကို စစ်တပ်က လိုက်လံဖမ်းဆီးပြီး နေအိမ်များကို လိုက်လံချိတ်ပိတ်နေ

ရန်ကုန်၊ မေ ၃၀ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို တော်လှန်ရေးတပ်များကို ကူညီခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် လိုက်လံဖမ်းဆီးပြီး နေအိမ်များကို လိုက်လံချိတ်ပိတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မေလ ၁၉ ရက်နေ့ မောတောင်မြို့အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပြန်လည်ဝင်ရောက်လာပြီးနောက်၊ မောတောင်မြို့ရှိ အုပ်ချုပ်ရေးမှူးဟောင်း သက်ခိုင်၏...

ငါန်းဇွန်နှင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး အမျိုးသမီးများ အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၉ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊...

အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၃ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ် အများအပြားပျက်စီး၊ သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ မေ ၂၉ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေ ၂၉...

လောင်းလုံးတွင် စစ်တပ်က ကဒက်ကြီးရွာကို မီးရှို့ပြီး ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၊ ထားဝယ်နှင့် သရက်ချောင်းတွင်လည်း စစ်ကြောင်းများ ဝင်ရောက်လာ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၂၉ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကဒက်ကြီးရွာကို မီးရှို့ပြီး ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေကာ ထားဝယ်နှင့် သရက်ချောင်းတွင်လည်း စစ်ကြောင်းများ ဝင်ရောက်လာ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း...

မြစ်ခြေမြို့အဝင်လမ်းတွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေ၊ အမျိုးသမီးတချို့ကိုလည်း စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုများရှိဟု ဒေသခံများ ပြောဆို

ရန်ကုန်၊ မေ ၂၉ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အဝင်လမ်းတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မြစ်ခြေမြို့ပေါ်ကို...

ယင်းမာပင်တွင် စစ်တပ်က လက္ကပြားရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးမီးရှို့ပစ်သတ်ပြီး ၄ ဦးကိုလည်း လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ ဝါးရုံရွာရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွား

ရန်ကုန်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက္ကပြားရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးမီးရှို့ပစ်သတ်ပြီး ၄ ဦးကိုလည်း လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ ဝါးရုံရွာရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၅...

အုတ်ဖိုတွင် စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၍ ပြည်သူ ၁ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး၊ ရေဦးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ မေ ၂၈ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။ မေလ ၂၇...

အုတ်ဖိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က အရပ်သားပြည်သူ ဦးအေးကြီးနှင့် ဦးဖိုးဇော်တို့ကို ပစ်သတ်ပြီး ငွေကျပ် ၃၅ သိန်းကို လုယက်ယူဆောင်

ရန်ကုန်၊ မေ ၂၈ ပဲခူတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ ဦးအေးကြီးနှင့် ဦးဖိုးဇော်တို့ကို ပစ်သတ်ပြီး ငွေကျပ် ၃၅ သိန်း ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၁ ရက်နေ့မှ စတင်ပြီး အင်အား ၃၀၀...

Latest news

- Advertisement -spot_img