27.9 C
Yangon
- Advertisement -spot_img

TAG

Crime

ကျောက်ဖြူနှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အဘိုးအို ၁ ဦး သေဆုံးပြီး နေအိမ်အမြောက်အမြား မီးလောင်ပျက်စီး

ရန်ကုန်၊ မေ ၂၈ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေ ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ လူနေအိမ်အမြောက် အမြား မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် KNU ၏ ထုတ်ပြန်ချက်များအရ...

အုတ်ဖိုတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ရွာထဲပြန်လည်ဝင်ရောက်လာသော ကိုအေးကြီးနှင့် ကိုဖိုးဇော်ကို ပစ်သတ်၊ သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မေ ၂၇ ပဲခူတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ရွာထဲ ပြန်လည်ဝင်ရောက်လာသော ကိုအေးကြီးနှင့် ကိုဖိုးဇော်ကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၁ ရက်နေ့မှ စတင်ပြီး အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်...

ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ခန့်ပါ စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၁ ဦးသေဆုံးပြီး အထိနာသော စစ်တပ်က ပြည်သူ့နေအိမ်အလုံး ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၇ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂၁ ဦးသေဆုံးခဲ့ပြီး၊ အထိနာသွားသော စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်အလုံး ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

ချောင်းဦးရှိ ကျေးရွာများကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး၊ အုတ်ဖိုရှိ ချောင်းဂွရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၂၇ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၇ ရက်နေ့...

ကန်ပက်လက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မတူမြို့ကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ မေ ၂၇ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က အထိနာ၍ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မတူမြို့ကိုပါ စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလပိုင်းမှ စတင်ပြီး...

ရေးဘီလူးတပ်စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့်​ သေဆုံးထိခိုက်သူများ၏ဓာတ်ပုံများ ရေးဘီလူးက ထုတ်ပြန်၊ ဆိပ်ဖြူနှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာများနှင့် တိုက်နယ်ဆေးရုံကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၂၇ မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ရေးဘီလူးစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်သည့်ဓာတ်ပုံများကို ရေးဘီလူးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်လာသည်။ ယနေ့မေလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က ရေးမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးတပ်ဖွဲ့စခန်းကို...

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်က လိုက်လံတိုက်ခိုက်နေ၊ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၂၇ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်က လိုက်လံတိုက်ခိုက်နေကာ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ နံနက်...

ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲ အကြောင်းပြ၍ စစ်တပ်က လူငယ်ရာချီကို ပေါ်တာဆွဲ ဖမ်းဆီးနေ

ရန်ကုန်၊ မေ ၂၇ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အကြောင်း ပြကာ ပွဲသို့ လာရောက်သူများအနက်မှ စစ်တပ်က ဒေသခံလူငယ်ရာနှင့်ချီ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အပြင်းအထန် ပြုလုပ်နေကြောင်း ဒေသခံပြည်သူများနှင့် ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။ အဆိုပါ သမိုင်းဝင်...

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၂၅ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၂...

ထားဝယ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်ရှပ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ပစ္စည်းများ ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။ မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ကျောက်ရှပ်ကျေးရွာအတွင်းကို...

Latest news

- Advertisement -spot_img