26 C
Yangon
- Advertisement -spot_img

TAG

Crime

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက်မီးရှို့နေ

ရန်ကုန်၊ မေ ၁၆ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၁၆ ရက်နေ့ နံနက်...

ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တပ်ရင်းမှူး အပါအဝင် စစ်သား ၁၁ ဦး သေဆုံး၊ အထိနာသော စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံပြီး အထိနာ၍ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၄...

ဆောမြို့ပေါ်သို့ ရောက်ရှိနေသော စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူငယ်များကို ဆက်လက်ဖမ်းဆီးထား

ရန်ကုန်၊ မေလ ၁၆ မကွေးတိုင်း၊ ဆောမြို့ပေါ်သို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး လူငယ်အချို့ကို ဆက်လက် ဖမ်းဆီးထားကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့မေလ ၁၅ ရက်နေ့က ဆောမြို့ တံတားအရှေ့ဘက်တွင် အကြမ်းဖက်စစ်သားများ၏...

ချောင်းဦးနှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်နှင့် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်း၊ကားများနှင့်နေအိမ်များပျက်စီး

ရန်ကုန်၊ ​မေ ၁၆ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များနှင့် အသေခံဒရုန်းများအသုံးပြုကာ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၊ အရပ်သား ပြည်သူပိုင် မော်တော်ယာဉ်များနှင့်နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့ မေလ ၁၆ ရက်နေ့ နံနက် ၂...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုရဲအုပ် ထွန်းထွန်းလင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ လောင်းကစား၊ ပြည့်တန် ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများထံမှ လိုင်းကြေးယူကာ ဖွင့်လှစ်ခွင့်ပြု

ရန်ကုန်၊ ​မေ ၁၆ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုရဲအုပ် ထွန်းထွန်းလင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ လောင်းကစား၊ ပြည့်တန် ဆာနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများထံမှ လိုင်းကြေးယူကာ ဖွင့်လှစ်ခွင့်ပြုထားသဖြင့် တိုင်ကြားမှုများဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁) မြို့မရဲစခန်းမှ ရဲအရာရှိနှင့်...

သဲကုန်းမြို့နယ်တွင် စစ်တပ်ဂိတ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်ခတ်မှု ၁ ဦးသေဆုံး၊ မောတောင်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၁၅ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်ခတ်ခဲ့ရာ ၁ ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင်...

ဖလမ်းဘက်မှ ဟားခါးဘက်သို့ တက်လာသည့် စစ်တပ် စစ်ကြောင်းကို လာရောက်ကြိုဆိုသည့် စစ်သားများအား တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ စစ်တပ်က ချွန်ကျုံးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လာရောက်ကြိုဆိုသည့် စစ်သားများအား CDF Hakha က တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၄ ဦးသေဆုံးပြီး ဗျူဟာမှူးအပါအဝင် ၄ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း...

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အထိနာသော စစ်တပ်က သဲမဲရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံးပြာကျ

ရန်ကုန်၊ မေ ၁၅ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အထိနာသော စစ်တပ်က သဲမဲရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်...

ဘားအံနှင့် ချောင်းဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲ့ဘောခီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၂...

ပုဏ္ဏားကျွန်းမြို့ ၊စံပြရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု နေအိမများ ပျက်စီးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် ရှုတ်ချ

ရန်ကုန်၊ မေ ၁၅ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စံပြရပ်ကွက်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) ထံမှ သိရသည်။ ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ပုဏ္ဏားကျွန်းမြို့ပေါ်၌...

Latest news

- Advertisement -spot_img