26 C
Yangon
- Advertisement -spot_img

TAG

khit thit news

ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်း သိမ်းပိုက်မှုအတွင်း ဒဏ်ရာရရှိသော မြန်မာစစ်တပ်ဘက်မှ စစ်သားကို KNLA တပ်များက ကယ်ထုတ်ခဲ့

ရန်ကုန်၊ ဧပြီ ၁၅ မွန်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိသွားသည့် မြန်မာစစ်တပ်ဘက်မှ စစ်သားတစ်ဦးကို KNLA တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ထုတ်ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ...

ဖလမ်းမြို့နယ်၊ ခွါးလ်လီရွာအနီး စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား

ရန်ကုန်၊ ဧပြီ ၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ခွါးလ်လီကျေးရွာအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ (SSPC) တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ လက်နက် ၂၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ပြိုကွဲနေသော မြန်မာနိုင်ငံအတွင်းမှ မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကြောင့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၁၅ မြန်မာ့မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစ တြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေကြောင်း Asia Times က ဧပြီလ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။ အင်ဒို-ပစိဖိတ်ဒေသအတွင်း အရေးပါသော တွင်းထွက်သယံဇာတများ...

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်၊ ဖာပွန်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးပေးခန်း အဆောက်အဦးများ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်...

မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည်

ရန်ကုန်၊ ဧပြီ ၁၄ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ...

ဂျပန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံခြားအလုပ်သမားအသစ်များ စားသောက်ကုန်ဝန် ဆောင် မှုကဏ္ဍအတွက် ခေါ်ယူမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ၊ မြန်မာအလုပ်သမားများ ဂျပန်သွားရောက် အလုပ်လုပ်ရန် ပိုမိုခက်ခဲလာမည်

ရန်ကုန်၊ ဧပြီ ၁၄ ဂျပန်နိုင်ငံက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Services) တွင် ကျွမ်းကျင်လုပ် သားအစီအစဉ် (Specified Skilled Worker - SSW) ဖြင့် မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားသစ် လက်ခံမှုကို ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်ဟု...

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ နတ်မောက်တွင်လည်း စစ်တပ်က သမုန်းကုန်းကြီးရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၂...

မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် စစ်တပ် ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၁၄ မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် အကြမ်းဖက်စစ်တပ်တို့ ဆွေးနွေးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ လျှပ် စစ်ဓာတ်အား ထိရောက်စွာ ပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ရက်တည်ဆောက်ရန်...

နတ်တလင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၄ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ပြီး မြေပြင်စစ်ကြောင်းက ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ရွှေဘိုနှင့် ထီးလင်း-ပေါက်မြို့နယ်အစပ်ကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်း ဗုံးထိမှန်ကာ သံဃာတော် ၂ ပါး ပျံလွန်တော်မူ

ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း၊ ထီးလင်း-ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရွှေ ဘိုမြို့နယ်တွင် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့)...

Latest news

- Advertisement -spot_img