25.9 C
Yangon
- Advertisement -spot_img

TAG

politics

အရှေ့တီမောနှင့် အင်ဒိုနီးရှားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းနိုင်ရေး သံတမန်ရေးဖြင့် စစ်ကောင်စီက ကြိုးစားနေ

ရန်ကုန်၊ မေ ၃ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အရှေ့တီမောနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းရေး သံတမန်ရေးဖြင့် စစ်ကောင်စီက စတင်ကြိုးစားနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ပြီးနောက်...

သူ့အတွေးသူ့အမြင်

"စိတ်ကိုပစ်တဲ့ စစ်" By နေဘုန်းလတ် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်ကြသည့် စစ်ပွဲတွေမှာ စစ်လက်နက်ပစ္စည်းတွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေကို သုံးပြီး တစ် ဖက်ရန်သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းကြသလိုပဲ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အခြားသော နည်းလမ်းပေါင်းစုံ (ဥပမာ - စကားလုံးတွေ၊ ရုပ်ပုံတွေ၊ ကာတွန်းတွေ၊ သီချင်းတွေ၊...

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား အခြေခံလူတန်းစားတို့ စည်းလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ကြရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု တိုက်တွန်း

ရန်ကုန်၊ ဧပြီလ ၃၀ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား အခြေခံလူတန်းစားတို့ စည်းလုံးညီ ညွတ်စွာ ရပ် တည်ပြီး စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်ကြရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု - MLA က ၁၃၆ ကြိမ် မြောက် မေဒေး အဖြစ်...

မြန်မာ့အရေးတွင် တိုးတက် ခိုင်မာသောပြောင်းလဲမှုများ မမြင်ရသေးဘဲ အလျှင်စလို ထိတွေ့ဆက်ဆံမှုများအပေါ် စိုးရိမ်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ထိုင်းကို သတိပေး

ရန်ကုန်၊ ဧပြီ ၂၉ မြန်မာ့အရေးတွင် လက်တွေ့ကျ ခိုင်မာသော တိုးတက်ပြောင်းလဲမှုများ မြင်တွေ့လိုပြီး ယင်းသို့ မမြင်ရသေးဘဲ အလျှင်စလို ထိတွေ့ဆက်ဆံလှုပ်ရှားမှုများအပေါ် စိုးရိမ်မိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး Sihasak Phuangketkeow ကို သတိပေးပြောဆိုသည်။ ယမန်နေ့ ဧပြီလ...

မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်လျှင် အရေးယူမည်ဟု အမိန့်ပေးမှုကြောင့် စစ်တပ်နှင့်ကရင်လက်နက်ကိုင်အဖွဲ့တချို့အကြား ဆက်ဆံရေး မပြေလည်

ရန်ကုန်၊ ဧပြီ ၂၉ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်ပါက အရေးယူမည်ဟု စစ်တပ်က ပေါ်တင်အမိန့်ပေးလာသဖြင့် စစ်တပ်နှင့် မိတ်ဖက် ကရင်လက်နက်ကိုင်အဖွဲ့ တချို့အကြား ဆက်ဆံရေး မပြေလည်ဘဲ တင်းမာမှုများရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့...

ဆွီဒင်နိုင်ငံက အကူအညီများ ဖြတ်တောက်နေသော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်မည်ဟု ဆွီဒင်ဖွံ့ဖြိုးရေးဝန်ကြီးပြော၊ မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၉၂ သန်းဝန်းကျင် အကူအညီပေးမည်

ရန်ကုန်၊ ဧပြီ ၂၈ ဥရောပသမဂ္ဂအဖွဲ့၀င် နိုင်ငံဖြစ်သော ဆွီဒင်နိုင်ငံက အကူအညီများ ဖြတ်တောက်နေသော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း ဆွီဒင်ဖွံ့ဖြိုးရေးဝန်ကြီး ဘင်ဂျမင် ဒူဆာ (Benjamin Dousa) က ပြောဆိုလိုက်သည်။ ဆွီဒင်နိုင်ငံသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ...

မင်းအောင်လှိုင် အပါအဝင် စစ်အာဏာသိမ်းမှုတွင် ပါဝင်သူ လူပုဂ္ဂိုလ် ၁၀၅ ဦး၊ အဖွဲ့ အစည်း ၂၂ ခုတို့အပေါ် ဥရောပသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ဟု EU က ကြေညာ

ရန်ကုန်၊ ဧပြီ ၂၈ မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်များ အပါအဝင် စစ်အာဏာသိမ်းမှုတွင် ပါဝင်သူ လူပုဂ္ဂိုလ် ၁၀၅ ဦး၊ အဖွဲ့ အစည်း ၂၂ ခုတို့အပေါ် ဥရောပသမဂ္ဂ-EUက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ EU က ဆက်လက်ရပ်တည်ကြောင်း...

မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ SNA စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ ဖားကန့်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လုံးခင်းတွင် တပ်စွဲရန် ပြင်ဆင်နေ

ရန်ကုန်၊ ဧပြီ ၂၇ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ စစ်တပ် လက်အောက်ခံ SNA စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ အကြမ်းဖက်...

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနေလူမျိုးများကိုယ်တိုင် စီမံခန့်ခွဲသွားမည်ဟု KNU က ကြေညာ

ရန်ကုန်၊ ဧပြီ ၂၇ တနင်္သာရီတိုင်း၊ သရက်ချောင်း (ကစယ်ဒို) မြို့နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနနေလူမျိုးများ ကိုယ်တိုင် စီမံခန့်ခွဲသွားမည်ဟု တရားဝင်ကြေညာလိုက်ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက် နေ့မှ ၂၄ ရက်နေ့က ကော်သူးလေနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း (ကစယ်ဒို) မြို့...

မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် စစ်တပ်၏ ကျူးလွန်တိုက်ခိုက်မှုများအတွက် နိုင်ငံတ ကာ ရာဇဝတ်ခုံရုံး (ICC) က တရားဝင် စုံစမ်းစစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်ရန် KWO တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၆ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် စစ်တပ်၏ တိုက်ခိုက်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က တရားဝင် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်ရန်ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တောင်းဆိုလိုက်သည်။ ယခုနှစ် ဧပြီလလယ်ပိုင်း သင်္ကြန်ကာလအတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့သော စစ်တပ်၏ လုပ်ရပ်များနှင့်...

Latest news

- Advertisement -spot_img