34 C
Yangon

ထိုင်းပြည်သူများ ထောက်ခံသော Move Forward မှ အမတ် ပီတ လွှတ်တော်တွင် လုံလောက်သော မဲမရ၍ ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်မရ

Must read

ထိုင်းပြည်သူများ ထောက်ခံသော Move Forward မှ အမတ် ပီတ လွှတ်တော်တွင် လုံလောက်သော မဲမရ၍ ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်မရ

■ စစ်တပ်နှင့်ဘုရင်က ခန့်အပ်သော အထက်လွှတ်တော်အမတ် ၂၅၀ အနက်မှ အများစုက ပီတကို ဆန့်ကျင်ခဲ့ကြ

ရန်ကုန်၊ ဇူလိုင် ၁၃

ထိုင်းနိုင်ငံတွင် မေလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထိုင်းပြည်သူများ ထောက်ခံသော Move Forward မှ လွှတ်တော်အမတ် ပီတ လွှတ်တော်တွင် လုံလောက်သော မဲမရ၍ ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်မရကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အောက်လွှတ်တော်အမတ် ၅၀၀ ၊ စစ်တပ်နှင့်ဘုရင်က ခန့်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ စုစုပေါင်း လွှတ်တော်အမတ် ၇၅၀ ရှိသည့်အနက် ထက်ဝက်ကျော် ထောက်ခံမဲ ၃၇၅ မရရှိသည့် Move Forward မှ လွှတ်တော်အမတ် ပီတသည် ထိုင်းဝန်ကြီးချုပ်အဖြစ် လုပ်ခွင့်မရခြင်းဖြစ်သည်။

Move Forward မှ လွှတ်တော်အမတ် ပီတကို လွှတ်တော်တွင် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၂၃ မဲ ၊ ကန့်ကွက်မဲ ၁၈၉ မဲ၊ မဲမပေးဘဲ ၁၉၈ သာ ရရှိခဲ့သဖြင့် ဝန်ကြီးချုပ် အဖြစ် ရွေးကောက်ခံရခြင်းမရှိဘဲ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ အနက်မှ အများစုက Move Forward မှ လွှတ်တော်အမတ် ပီတကို ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်ကြိုးစားသူ၊ ထိုင်းတောင်ပိုင်းခွဲထွက်ရေးသမား စသည်ဖြင့် လွှတ်တော်တွင် အမျိုးမျိုးစွပ်စွဲခဲ့ကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် လွှတ်တော်အတွင်း ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကျင်းပရန်ရှိနေပြီး ပီတအနေဖြင့် ထပ်မံ ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article