25 C
Yangon

မံစီမြို့နယ်၊ ကိုက်ထိပ်ရှိ ခမရ ၆၀၂ စစ်တပ်စခန်းကုန်းအားလုံးကို KIA ဦး ဆောင် သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကိုက်ထိပ်ရှိ ခမရ ၆၀၂ စစ်တပ်စခန်းကုန်းအားလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီ မြို့နယ် ကိုက်ထိပ် ရှိ စစ်ကောင်စီ၏ ခမရ-၆၀၂ တပ်စခန်းကုန်းများကို KIA ၊ KPDF ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်နေ့လုံးနှင့် တစ်ညလုံး တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ကိုက်ထိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“မနေ့မနက်ကနေ တစ်နေ့လုံး တစ်ညလုံး ပိတ်ဆို့တိုက်ခိုက်ပြီးတဲ့နောက်မှာ ကိုက်ထိပ်တပ်စခန်းကို ရရှိပြီ။ ဒီမနက် ၈ နာရီခွဲမှာ ကိုက်ထိပ် စစ်တပ် တပ်စခန်းကုန်းအားလုံးကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ စစ်တပ်ရဲ့ ကိုက်ထိပ်စခန်းတွေအားလုံး Sold Out ဖြစ်သွားပါပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #KPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article