25 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာနှင့် နတ်ကြီးကျေးရွာကြားတွင် အကြမ်းဖက်စစ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ် ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက် ညနေ ၆ နာရီခန့်က ငါးဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာမှ နတ်ကြီးရွာဘက်သို့ ပြန်လာသော စစ်ကား ၂ စီးကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ခဲ့ ပြီး ထိုးရပ်သွားကာ ကျန်ကားတစ်စီးပေါ်မှ စစ်ကောင်စီတပ်သားများ ဆင်းလာပြီး လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်နေချိန်တွင် နောက်ထပ် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ် မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းနေရာမှာ ပွဲချင်းပြီး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဖွဲ့တွေက ငါန်းဇွန်ဘက်ကို ခရီးသွားကြတာ၊ အဲဒါကို မြင်ပြီး ကား ၂ စီးနဲ့လိုက်လာတာ၊ လိုက် လာတာက နတ်ကြီးကနေ မရိုးကုန်းအထိလိုက်လာတာ၊ ဘယ်နေ ထွက်လာတဲ့ခွေးတွေလဲ တော့ မသိဘူး၊ အင်အားက ၄၀ လောက်ရှိတယ်၊ မရိုးကုန်းကနေ နတ်ကြီးအပြန်မှာ စောင့်ပြီး မိုင်းခွဲ လိုက်တာ၊ အလောင်းတွေကို ညပိုင်းမကောက်နိုင်ဘူး၊ မနက်မှ လာကောက်သွားတာ၊ သေတာက တော့ပိုစိုးပက်စက်ပဲ” ဟု စစ် ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင် အမှတ် ၆ တပ် ရင်း တပ်ခွဲ ၃ -Special Task Force Ngazun၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း တပ်ခွဲ ၂ -NZN FIGHT STARS နှင့် မြောင်မြို့နယ် နဘက်တိုက်နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #MSPDF #SpecialTaskForceNgazun #NZNFIGHTSTARS

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article