25 C
Yangon

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ရေစကြိုမြို့ဘက်မှ တဆင့် ချင်းတွင်းမြစ်ကြောင်းကို ဖြတ်ကူးကာ ရေလယ်ကျွန်းဒေသသို့ အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ညနေ ၄ နာရီ အချိန် နန်းဦးကျေးရွာနှင့် ရေယှားကျေးရွာကြားအရောက် ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁၀ နာရီအချိန်တွင် သောင်ရှေ့ကျေးရွာမှ နွယ်နီကျေးရွာဘက် သို့ ချီတက်လာစဉ် ထပ်မံကြားဖြတ်တိုက်ခိုက်ကြောင်း၊ ထိုသို့ ၂ ကြိမ်တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး စက်လှေဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“၂၈ ရက်နေ့ မနက်အစောပိုင်းက ရေစကြိုဘက်ကနေ ရေလယ်ကျွန်းကို ကူးလာတာ၊ ကူးလာပြီး တော့ ၂၉ ရက် ညနေပိုင်းလောက်ဖြစ်မှာ မြင်းခြံဘက်ဆိပ်ကမ်းကို ကူးသွားတာ၊ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်တာက ၂၈ ရက်နဲ့ ၂၉ ရက်နှစ်ဖြစ်တာ၊ အားလုံးပေါင်း ၂ ရက်တိုက်ခိုက်တာ သိရတာက ၅ ယောက် ကတော့အပြင်းအထန်ဒဏ်ရာရတယ်လို့သိရတယ်၊ အဲဒီကောင်တွေကိုတော့ တစ်ခါတည်း စက်လှေတွေနဲ့ တစ်ခါတည်းချက်ချင်းတမ်းခေါ်သွားတာလို့ သိရတယ်၊ စစ်ကြောင်းက တောက် လျှောက်ထိုးလာတာကို သာတဲ့နေရာကနေ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေး ကင်းပါတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ နှင့် နွေဦးစစ်သည် ရေ လယ်ကျွန်းဒေသ စစ်ကြောင်းကို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက် စစ် တပ် စစ်ကြောင်းမှာ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ခြံယာဆိပ်ကမ်းမှ တဆင့် မြင်းခြံမြို့ နယ်၊ ဆိတ်ညံဆိပ်ကမ်းသို့ ကူးသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article