25 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ပျူစောထီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်း မင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးကျေးရွာ၌ အထိုင်ချတပ်စွဲကာ ဒရုန်းရန်ကို Jammer စက်များဖြင့် ဖြတ်တောက်ကာကွယ်ထားသည့် စစ် ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီး သေ ဆုံးပြီး Jammer စက်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ခွေး ၃ ကောင်သေတာတော့ မျက်မြင်ပေါ့၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ Jammer စက်တွေ က အခါတိုင်းရက်ဆိုရင် မီးစက်တွေ၊ ဘာတွေနှိုးပြီး ဖွင့်တာရှိတယ်၊ ဒီနေ့တော့ အလစ်အငိုက်မိသွား တဲ့သဘောပဲ၊ ဗုံးစာမိပြီး ပျက်စီးသွားတာ၊ ပြန်လှန်ပစ်ခတ်တာမျိုးတွေမရှိပါဘူး” ဟု ဒေါင်း မင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို MyingyanDistrict DroneStrike (MDDS) ၊ ဒေါင်းနီပျောက်ကျားတပ်ဖွဲ့ နှင့် ဒေါင်းမင်းတမန်အထူး ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #Jammer #MyingyanDistrictDroneStrike #MDDS

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article