25 C
Yangon

ရှမ်းမြောက်၊ လောက်ကိုင်မှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်း၏ အဓိက တရားခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

Must read

■ နေပြည်တော်လေဆိပ်တွင် တရုတ်ရဲက တရားခံများကို လေယာဉ်ဖြင့် လာဖမ်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း တရုတ်သတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။

တရုတ်နိုင်ငံက ဖမ်း၀ရမ်းထုတ်ထားသော ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေစန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို စစ်ကောင်စီက နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ၊ ယနေ့ ညပိုင်းတွင် တရုတ်နိုင်ငံ သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

စစ်ကောင်စီက ကျားဖျန့် အဓိက တရားခံ ၁၀ ဦးကို တရုတ် ရဲတပ်ဖွဲ့ထံသို့ နေပြည်တော်လေဆိပ်မှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီး ယနေ့ည ယူနန်ပြည် နယ် မြို့တော် ကူမင်းမြို့ရှိ ချန်ရွှေ နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

တရုတ်က ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် တရားခံ ၁၀ ဦးထဲတွင် ၄ ဦး ကျန်ရှိနေပြီး အဆိုပါ ၄ ဦးမှာ-

၁-ပယ်ရင်းလန် Bai Yinglan

၂-ဝေရုန် Wei Rong

၃-ဝေချင်းစုန်း Wei Qingsong

၄- လျှိုကြီးကွမ်း Liu Jiguang တို့ ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံနှင့်ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article