ရန်ကုန် ၊ မတ် ၂၆
ရက္ခိုင့်တပ်တော် AA က လနဲ့ချီဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဦးခန့် မတ်လ ၂၅ ရက်နေ့မှာ လက်နက်ချ အညံ့ခံလာတယ်လို့ ရက္ခိုင့်တပ်တော် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မောင်တောမြို့နယ်ထဲက တမန်းသားရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်က ၁ လနီးပါး ပိတ်ဆို့ဖြတ် တောက်ဝိုင်းရံထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ မတ်လ ၂၅ ရက်နေ့မှာ လက် နက်ချ အညံ့ခံလာတယ်လို့ သိရပါတယ်။
အဆိုပါ တမန်းသား ရဲကင်းစခန်းမှ လက်နက်ချ အညံ့ခံခြင်းမရှိဘဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရရှိခဲ့ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar