25 C
Yangon

ဗန်းမော်မြို့ ပြည်သူ့ဆေးရုံမှ စစ်တပ်နှင့် ပတ်သက်မှုရှိသည့် Non CDM ဆရာဝန်များ ထွက်ပြေးသွားပြီး ဆေးရုံ၌ ခွဲစိတ် ဆရာဝန်ကြီး ၁ ဦး သာ ကျန်ရှိတော့

Must read

ရန်ကုန်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပြည်သူ့ဆေးရုံမှ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်မှု ရှိနေသည့် Non- CDM ဆရာဝန်များ ထွက်ပြေးသွားပြီး ခွဲစိတ် ဆရာဝန်ကြီး ၁ ဦးသာ ဆေးရုံတွင် ကျန်ရှိတော့ကြောင်း ဗန်းမော်ဆေးရုံနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့တွင် ဗန်းမော်မြို့ပြည်သူ့ဆေးရုံမှ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်မှု ရှိနေသည့် Non- CDM ဆရာဝန်များ ဗန်းမော် လေဆိပ်ပြန်ဖွင့်သည့် အချိန်မှစကာ ဆေးရုံမှ ခွင့်ယူသည်ဟု အကြောင်းပြကာ ထွက်ပြေးသွားပြီး ခွင့်ရက်ကျော်သော်လည်း ဆေးရုံသို့ ပြန်မလာကြဘဲ ခွင့်နှင့် ခရီးထွက်နေသည်ဟုသာ အကြောင်းပြနေကြကြောင်း သိရသည်။

“ပြေးတဲ့ ဆရာဝန်ကြီးတွေက ဗိုလ်ကတော်တွေ၊ တပ်နဲ့ ပတ်သက်တဲ့သူတွေ ခွင့်နဲ့ ရှောင်ပြီး ပြန်မလာတော့တာ ထွက်ပြေးတယ်လို့မပြောဘူး။ ခွင့်နဲ့ ခရီးထွက်တယ်ပဲ သတင်းလွှင့်သွားတာ ခွင့်ရက်က ကျော်နေပြီ” ဟု ဗန်းမော်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဗန်းမော်ဆေးရုံမှ ထွက်ပြေးသွားသည့် Non CDM ဆရာဝန်များမှာ ဒေါက်တာမင်းအောင်ခန့် (အထွေထွေသမားတော်)၊ ဒေါက်တာအေးမြသီတာအောင် (ကလေးအထူးကု)၊ ဒေါက်တာဖြိုးဟန်ဦး (ဓာတ်မှန်အထူးကု)၊ ဒေါက်တာမင်းမော်ကို (မေ့ဆေးအထူးကု)၊ ဒေါက်တာဝါဝါမင်း (နားနှာခေါင်းလည်ချောင်းအထူးကု) တို့ဖြစ်ကြကြောင်း သိရှိရသည်။

လက်ရှိတွင် ဗန်းမော်ဆေးရုံတွင် ဆရာဝန်ကြီးဆို၍ ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးသာ ရှိပြီး လက်ထောက်ဆရာဝန် ၂ ယောက်ခန့်သာ ရှိတော့ကြောင်း၊ မြစ်ကြီးနားသို့ ခွင့်ယူကာ ပြန်သွားသည့် အရိုးအကြောနှင့် သားဖွားမီးယပ်အထူးကု ၂ ဦးကမူ ခွင့်ရက်ပြီးလျှင် ပြန်လာမည်ဟု ကြားသိရကြောင်း ဗန်းမော်ဆေးရုံနှင့် နီးစပ်သူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဗန်းမော်မြို့ ပြည်သူ့ဆေးရုံ #Non CDM ဆရာဝန်များ ထွက်ပြေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article