25 C
Yangon

မြန်မာပြည်သူများကို အကြမ်းဖက်နေသော စစ်ကောင်စီကို လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမပြုရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ် တောင်းဆို

Must read

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရေး အရေးယူဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၅

မြန်မာပြည်သူများကို အကြမ်းဖက်နေသော စစ်ကောင်စီကို လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမပြုရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ် တောင်းဆိုလိုက်ကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။

အီရန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၎င်းတို့၏ ပြည်သူများကို အကြမ်းဖက်နေသည်ဟု အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပြီးနောက် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအစိုးရများကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် မြန်မာစစ်ကောင်စီက ဒီမိုကရေစီလိုလားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပိုမို ပြင်းထန်သော အကြမ်းဖက် ရက်စက်မှုများ ကျူးလွန်လာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှ လွတ်လပ်သော ကျွမ်းကျင်သူတစ်ဦးက ပြီးခဲ့သည့်လတွင် သတိပေးခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ တင်ပို့ရောင်းချမှုကို ပိတ်ပို့ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ဇန်နဝါရီလတွင် လေကြောင်းလောင်စာဆီ ထောက်ပံ့မှုကွင်းဆက်များနှင့် ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် ကြိုးပမ်းမှုနေမှုများကို ထောက်ပြ ထုတ်ပြန်ခဲ့သည်။

“စစ်ရာဇ၀တ်မှုကျူးလွန်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ လေယာဉ်ဆီ ရောင်းချနေခြင်းဟာ ပုံမှန် စီးပွားရေးအဖြစ် လက်ခံလို့မရပါဘူး။ ဒါက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရဲ့ အဓိက အရေးကြီးတဲ့သတင်းစကားတစ်ခုပါ” ဟု ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် ကိုယ်စားလှယ် Iniyan Ilango က ပြောကြားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်မှုသည် ကောင်းမွန်သော အစကောင်းဖြစ်သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာဆီ တိုက်ရိုက် သွယ်ဝိုက် တင်ပို့မှုများကို ပိတ်ဆို့အရေးယူသင့်ကြောင်း၊ ထိုသို့ အရေးယူခြင်းဖြင့် “ လေကြောင်းတိုက်ခိုက်ခြင်းဖြင့် စစ်ရာဇ၀တ်မှုများ”ကို ကာကွယ်တားဆီးနိုင်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖေဖော်ဝါရီ ၂၆ ရက်က စတင်ခဲ့သော ယခုနှစ်၏ ပထမအကြိမ်အစည်းအဝေးကို အပြီးသတ်ကျင်းပနေပြီး ကလေးသူငယ်အခွင့်အရေးများကဲ့သို့ ကွဲပြားသည့် ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ပေါင်း ၄၀ ကျော်ကို အရေးယူဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး၊ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး၊ ဆူဒန်၊ ဘီလာရုစ်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ ကောင်စီရှိ အခွင့်အရေးအခြေအနေများကို သုံးသပ် အစီရင်ခံတင်ပြလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် စစ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတက်နေသော အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အကြမ်းဖက်နေသောစစ်ကောင်စီ #လေယာဉ်ဆီနှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချခြင်းမပြုရန် #ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဆုံးဖြတ်

၂၀၂၃ ခုနှစ် စစ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတက်နေသော အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article