25 C
Yangon

အာဏာရှင်ဟောင်း သန်းရွှေ၊ မောင်အေး နှင့် အငြိမ်းစား သမ္မတ သိန်းစိန်တို့ကို တရုတ်သံအမတ်သွားတွေ့

Must read

ရန်ကုန်၊ ဧပြီ ၅

အာဏာရှင်ဟောင်း သန်းရွှေ၊ နအဖ ဒု ဥက္ကဋ္ဌဟောင်း မောင်အေး နှင့် အငြိမ်းစား သမ္မတ သိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai က သွားရောက်တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တရုတ်သံရုံးက တရုတ်လူမှုကွန်ရက် Wechat ကတစ်ဆင့် သတင်းထုတ်ပြန်သည်။

မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ တရုတ်သံအမတ်က အာဏာရှင်ဟောင်းများနှင့် သမ္မတဟောင်းကို သွားရောက်ဂါ၀ရပြု တွေ့ဆုံခြင်းဖြစ်ပြီး သွားရောက်တွေ့ဆုံသည့် နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုနှင့် အခြား လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

တွေ့ဆုံမှုများတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာရေး နှင့်နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံရေးအပြင် မြန်မာပြည် ငြိမ်းချမ်းသာယာရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေကြောင်း ထုတ်ပြန်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အာဏာရှင်ဟောင်း #သန်းရွှေ #မောင်အေး #အငြိမ်းစားသမ္မတသိန်းစိန် #တရုတ်သံအမတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article