25 C
Yangon

တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ်

Must read

တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ်

■ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးအတွက် အရေးပေါ် အခြေအနေ အသင့်ပြင်ရန် ကြေညာမှုဟုဆိုနိုင်

ရန်ကုန်၊ မေ ၃၀

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် သတ်မှတ်လိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်သည်။

မေလ ၃ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က ယင်းအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ များအပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေ ၈ ခုတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သား၊ နယ်ခြားစောင့်၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ယူထားရသည့် ရဲများ၊ ပြည်သူ့စစ်နင့်ပျူစောထီးများ အားလုံးကို တန်းပြည့်စစ်မှုထမ်းနေကြရသူများအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“တန်းပြည့်စစ်မှုထမ်းဆိုတာက ရှေ့တန်းထွက်အချိန်တွေ လုံခြုံရေးတာဝန်ယူတဲ့အချိန်တွေကို တန်းပြည့်စစ်မှု ထမ်းချိန်လို့ခေါ်တယ်။ တန်းပြည့်စစ်မှုထမ်းချိန်မှာက ၂၄ နာရီတာဝန်ရှိတယ်။ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ၂၄ နာရီတာဝန်ရှိတယ်။ ဘယ်အကြောင်းကိစ္စကြောင့်ဖြစ်စေ တန်းပြည့်စစ်မှုထမ်းချိန်မှာ အထက်ဌာနရဲ့ ခွင့်ပြုချက် သို့မဟုတ် အထက်လူကြီးရဲ့ ခွင့်ပြုချက်မရဘဲ တာဝန်ကျရာနေရာကို စွန့်ခွာသွားလို့မရဘူး။ အခွင့်အရေးပိုရတာမဟုတ်ဘူး။ ၂၄ နာရီတာဝန်ရှိတယ်လို့ သတ်မှတ်တာ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်ကောင်စီက ယင်းသို့တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တန်းပြည့်စစ်မှုထမ်းသူများအဖြစ် သတ်မှတ်ခြင်းမှာ လုံခြုံရေးအရ အလွန် အရေးကြီးသည့် အခြေအနေနှင့် အဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“တိုင်းပြည်နယ်မြေတွေကို ရန်သူက သိမ်းပိုက်ထားလို့ တန်းပြည့်စစ်မှုထမ်းချိန်ကို သတ်မှတ်လိုက်တာမျိုးပါ။ တပ်မတော်အတွက် အရေးပေါ် အခြေအနေ တစ်ရပ်လို့ သတ်မှတ်ခြင်းလည်းဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၁၉၅၉ တပ်မတော် အက်ဥပဒေ၊ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (က) တွင် တန်းပြည့်စစ်မှုချိန်ဆိုသည်မှာ ရန်သူနှင့်ပြိုင်ဆိုင် တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တဖွဲ့တွင်၊ တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်၊ သို့တည်း မဟုတ် ရန်သူက လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း၊ သိမ်းပိုက်ထားသော တိုင်း ပြည်တပြည်၌ ဖြစ်စေ၊ နေရာတခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန်၊ သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည် တပြည်သို့ဖြစ်စေ၊ နေရာတခုသို့ဖြစ်စေ၊ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ် နိုင်ငံခြားနိုင်ငံတခုကို သိမ်းပိုက်ထားသော တပ်ဖွဲ့တဖွဲ့တွင် တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန် ကို သတ်မှတ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article