25 C
Yangon

၀ိုင်းမော်မြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စခန်းကြီး ၆ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး ကျန်စခန်းများမှာ စစ်ကောင်စီတပ်ဘက်မှ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၆ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆဒုံးဗျူဟာကုန်းစခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ဝိုင်းမော်-ကန်ပိုက်တီ လမ်းပိုင်း တစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်စခန်းများ ကင်းစင်သွားပြီဖြစ် ကြောင်း၊ လက်ရှိချိန်တွင် KIA က ဆက်လက် တိုက်ခိုက် သိမ်းပိုက်ရန် ကန်ပိုက်တီမြို့ စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

KIA တိုက်ခိုက်သိမ်းပိုက် လိုက်သော တပ်စခန်း ၆ ခုမှာ ဆဒုံးဗျူဟာကုန်းစခန်း ၊ ဘွမ်တောင် ပြည်သူ့စစ်စခန်း ၊ လဖိုင် ပြည်သူ့စစ်စခန်း ၊ ၁၃ မိုင် စုပေါင်း ဂိတ်စခန်း၊ အင်ဝမ့်ယန် BGF စခန်းနှင့် လုကြည်စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ၅ နာရီမှာ ဆဒုံးဗျူဟာကုန်းစခန်းကို သိမ်းပိုက်လိုက်ပြီ စုစုပေါင်း စခန်း ၆ ခု ကို ဒီနေ့သိမ်းပိုက်ရရှိပါပြီ။ ဝိုင်းမော်-ကမ်ပိုင်တီးလမ်း တစ်လျှောက် စစ်ခွေးစခန်း ကင်းစင်သွားပါပြီ ကမ်ပိုင်တီမြို့ စခန်းတစ်ခုဘဲ ကျန်တော့တယ်။ ဒီနေ့ဖမ်းဆီးရမိတဲ့ စစ်သား၊ BGFနဲ့ ပြည်သူ့စစ် သုံ့ပန်း ၃၀ ကျော်တယ်။ လက်နက်တွေတော့ အများကြီးပဲ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ KIA က တိုက်ခိုက်သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်းများမှာ-

၁-​၁၃-မိုင်စုပေါင်းဂိတ်စခန်း (တိုက်ခိုက်သိမ်းပိုက်)
၂- ၁၉-မိုင် ပသစ စခန်း(ထွက်ပြေး)
၃- ဘွမ်တောင် ကသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
၄-အင်ဝမ့်ဟန် ကသစ စခန်း(ထွက်ပြေး)
၅-ဆဒုံးရေတံခွန်ဂိတ်စခန်း (ထွက်ပြေး)
၆-ဆဒုံးဗျူဟာတပ်စခန်း(တိုက်ခိုက်သိမ်းပိုက်)
၇-လုဂျီ BGF စခန်း(ထွက်ပြေး)
၈- ဝူရော်ဘွမ်တပ်စခန်း(ထွက်ပြေး)
၉-ဂေါ့နန် ပသစ စခန်း(ထွက်ပြေး)
၁၀- လဖိုင် BGF စခန်း(တိုက်ခိုက်သိမ်းပိုက်)
၁၁-လုမြန် ပသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
၁၂-ဆဒုံးမြို့အဝင်ဂိတ်စခန့း(တိုက်ခိုက်သိမ်းပိုက်)
၁၃- ဆဒုံးမြို့ ရဲစခန်း(တိုက်ခိုက်သိမ်းပိုက်)
၁၄-ဆဒုံးမြို့ထွေအုပ်ရုဲး(တိုက်ခိုက်သိမ်းပိုက်)
၁၅-ဆဒုံးစုပေါင်းဂိတ်စခန်း(တိုက်ခိုက်သိမ်းပိုက်)
၁၆-လီဆူ ပသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
၁၇-တရုတ် ပသစ စခန်း(ထွက်ပြေး)
၁၈-နာ့ရိုစခန်းကုန်း(တိုက်ခိုက်သိမ်းပိုက်) တို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article