26 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၉ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက် စစ်ကောင်စီ နဲ့ တရုတ်တို့ ပူးတွဲထားတဲ့ လုံခြုံရေး အဖွဲ့ကို စစ်ကောင်စီရဲ့ ဗိုလ်ချုပ် ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်တွေပါ ပါတဲ့ အဖွဲ့ကို ဖွဲ့စည်း ထားပြန်တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောထားပါတယ်။
  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ဗိုလ် ဇော်မင်းထက်ဆိုသူရဲ့ ညီဖြစ်သူ မင်းနိုင်ထွန်း ကို အကြမ်းဖက် စစ်ကောင်စီတပ်ကပဲ ပြန်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတဲ့အတွက် ငွေကျပ် သိန်း ၃၀ နဲ့ ပြန်ရွေးထုတ်ခဲ့ရတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်မှုထမ်း တပ်သားသစ်တွေ လိုက်စုနေတဲ့ ပျူစောထီး အောင်ဌေး ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article