28 C
Yangon

ရေဦးနှင့် တန့်ဆည်တို့ကို ၃ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကျေးရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၃ လုံး ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည် မြို့နယ်အတွင်း ၃ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ကျေးရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၇၃ လုံး ပြာကျခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှ စ၍ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ မုံတိုင်ပင်ရွာ၊ ဆီဆုံရွာ၊ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ ၊ ကလဇင်ရွာ၊ တပ်သစ်ရွာ၊ ပေကုန်းရွာနှင့် တန့်ဆည်မြို့နယ် အရှေ့ခြမ်းရှိ ခပေါင်းကြိုင်ရွာနှင့် တနယ်ရွာတို့ကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူပိုင်နေအိမ် ၁၇၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စစ်ကြောင်းထိုးရာနှင့် ဝေးသည့် ကျေးရွာများကိုပါ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီဆုံရွာမှ ပြည်သူ ၁ ဦးနှင့် ပန်းကုံး-မူးဆုံရွာ ကားလမ်းဘေးရှိ စျေးဆိုင်မှ ပြည်သူ ၁ ဦးတို့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ရေဦးဘက်ကို ထိုးလာတဲ့ ခွေးစစ်ကြောင်းက ကျေးရွာ ၇ ရွာနဲ့ တန့်ဆည်မြို့နယ် အရှေ့ခြမ်းကို ထိုးလာတဲ့ ခွေးစစ်ကြောင်းက ကျေးရွာ ၂ ရွာ စုစုပေါင်း ရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးသွားတယ်။ ကျေးရွာပေါင်း ၉ ရွာက နေအိမ် ၁၇၃ လုံး မီးလောင် ပြာကျ ပျက်စီးခဲ့တယ်။ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ဆီဆုံရွာက ပြည်သူ ၁ ဦးနဲ့ ပန်းကုံး-မူးဆုံ ကားလမ်းဘေးက စျေးဆိုင်က ပြည်သူ ၁ ဦး ဒရုန်းဗုံးသီး မှန်ပြီး သေဆုံးခဲ့တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တန့်ဆည်နှင့် ကန့်ဘလူ မြို့နယ် အစပ်ရှိ အက်တောရွာ၊ သဲကုန်းရွာနှင့် ကာဘိုးရွာအနီးကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article