34 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို NUG နှင့် ကရင်နီ IEC တို့က ပယ်ချ၊ နွေဦးတော်လှန်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ပွဲဝင်မည်

Must read

ရန်ကုန်၊ ဧပြီ ၂၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် စစ်ရေးဖိအားပေး၍ အကျပ်ကိုင်ခြင်းနှင့် စိတ် ဓာတ်စစ်ဆင်ရေး လုပ်ဆောင်ခြင်းသာဖြစ်သည်ဟုဆိုကာ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က တုံ့ပြန်ငြင်းပယ်လိုက်ကြသည်။

စစ်တပ်၏ ကမ်းလှမ်းမှုနှင့်ပတ်သက်၍ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းထားသည့် SCEF ၏ နိုင်ငံရေးဦးတည်ချက် ၆ ချက်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီ ၆ ချက်ကို အာမခံနိုင်တဲ့ အခြေအနေရှိမှသာလျှင် လိုအပ်တဲ့ စကားပြောဆိုမှုတွေ ရှိမယ်ဆိုတာ ပြော ထားပြီးသားဖြစ်တယ်။ အဲဒီ ၆ ချက်မရမချင်း ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် PDF လူငယ်များကို အလင်းဝင်သယောင် သတင်းတုများဖြင့် စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) လုပ်ဆောင်လာနိုင်သော်လည်း ခိုင်မာသည့် တော်လှန်ရေးအင် အားစုများက လက်ခံမည်မဟုတ်ဘဲ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လတ်တလော တော်လှန်ရေးတပ်များက တောင်းဆိုထားသော နိုင်ငံရေး ဦးတည်ချက် ၆ ချက်မှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ် တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်းအား အဆုံး သတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသည့် အရပ် သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည် ဆောက် ရန်၊ ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်တို့ ဖြစ်သည်။

အလားတူ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်ကလည်း စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်သည် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမဟုတ်ဘဲ အတင် းအဓမ္မ အနိုင် ကျင့်သည့် လုပ်ငန်းစဉ်သာဖြစ် ကြောင်း ဝေဖန်သည်။

“လက်နက်ချမှ၊ အလင်းဝင်မှ၊ ဟိုဟာမတောင်းနဲ့ ဒီဟာမတောင်းနဲ့ဆိုတာက ငြိမ်းချမ်းရေးဖိတ်ခေါ်တာမဟုတ်ဘူး။ အဲဒါက အတင်း အဓမ္မ အနိုင်ကျင့်ခြင်းပဲ။ အဲဒီလိုမျိုး Process နဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းရင် ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်သလို ဆွေးနွေးဖို့တောင် အဆင်ပြေမှာမဟုတ်ဘူး” ဟု ဗညားခွန်းအောင်က ပြောကြားသည်။

စစ်ခေါင်းဆောင်အနေဖြင့် မိမိကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာခြင်း၊ တစ်နိုင်ငံလုံးကို ထိုးစစ်ဆင်ခြင်းများနှင့်အတူ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းကို တပြိုင်တည်းလုပ်ဆောင်လာမည်မှာ ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ကြောင်း IEC ဘက်က ဆိုသည်။

“ဒါက အခုမှလုပ်တဲ့ လုပ်ကွက်မဟုတ်ဘူး။ တက်လာသမျှ စစ်အာဏာရှင်အစိုးရတွေ အားလုံးက ဒီအတိုင်းလုပ်နေကြပဲ။ စစ်ရေးအရ အလုံးအရင်းနဲ့ တိုက်ခိုက်ဖျက်ဆီးမယ်ဆိုပြီး အနိုင်ပိုင်းချင်တဲ့ မြန် မာနိုင်ငံက ဖရိန် (Frame) တစ်ခုပဲ” ဟု ဗညားခွန်းအောင်က သုံးသပ်ပြောကြားခဲ့သည်။

လတ်တလောတွင် ကရင်နီပြည်နယ်အဆင့်၌လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးထားချက် မရှိသေးကြောင်းနှင့် စစ်ကောင် စီ၏ ကမ်းလှမ်းမှုမှာ လက်တွေ့ဖြစ်နိုင်ခြေမရှိသည့် အနိုင်ကျင့်မှုသာဖြစ် ကြောင်း တော်လှန်ရေးအင်အားစုများက တညီတညွတ်တည်း တုံ့ပြန်ထားကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article