28 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

24660 POSTS
0 COMMENTS

ထားဝယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ငုတ်ရွာအနီး ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ပကာရီရွာဘက်ကလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မိနစ် ၃၀ ဝန်းကျင်အကြာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါအသုံးပြုခဲ့ပေမယ့် ပြည်သူ့ကာ ကွယ်ရေးတပ်တွေဘက်က...

အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီယာဉ်ကို AA က မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁ စစ်ကောင်စီ၏ အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ မအီ-အမ်းကားလမ်းတစ်လျှောက် မောင်းလာသည့် စစ်ကောင်စီယာဉ်ကို အမ်းမြို့နယ်မြေနီရွာနှင့် တလိုင်းတောင်ရွာကြား၌ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ စစ်ကားပျက်စီးသွားပြီး ယင်းကားထဲတွင် ပါလာသည့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ စက်တင်ဘာ ၁ ရက်နေ့ ညနေ...

“အသိုက်တွေကို မီးရှို့ပေမဲ့ စိတ်ဓါတ်ကတော့ ပြာမကျဘူး” ကြွေးကြော်သံဖြင့် အညာဒေသ ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁ အညာဒေသတွင် ဒေါင်းနီအဖွဲ့မှ ဦးဆောင်ကျင်းပသော ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် "အသိုက်တွေကို မီးရှို့ပေမဲ့ စိတ်ဓါတ်ကတော့ ပြာမကျဘူး" ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြခဲ့ပြီး 96 soldiers အဖွဲ့မှ ပူးပေါင်း ပါဝင်...

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။ လှိုင်သာယာတွင် ပျူစောထီးခေါင်းဆောင် ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ ပျူစောထီးခေါင်း ဆောင် လူမိုက်ဇော်လင်းကို...

“၁နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ ” စာသားနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၁ "၁နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ "စာသားကိုကိုင်ဆွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ်ရေး လူထုသပိတ်ကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြာင်းမှ ချီတက်ခဲ့ပြီး သပိတ်စစ်ကြောင်းသို့ LGBT Alliance Myanmar မှအဖွဲ့ဝင်များမှ လာရောက်ပူးပေါင်းဝန်းရံခဲ့ကြသည်။ Photos - AungKhantZaw

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁ မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီး တံခွန် သပိတ် အင်အားစုများ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး အသံမတိတ် အလံမလိပ်တဲ့ ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် "Accept NUG & Our ambassador Reject Dictaor" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း လူငယ် ၃ ဦးထက်မနည်းကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် အလုံဆင်မင်းစျေးနှင့်ငုဝါလမ်းကို စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းပြီး လူငယ်...

Latest news

- Advertisement -spot_img