30 C
Yangon
spot_img

CATEGORY

Announcement

ဒီပဲယင်းစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးသေဆုံးမှု ပစ်ခတ်သူ စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ ဝမ်းနည်းကြေကွဲဟုသာ UNICEF ထုတ်ပြန်၊ မြန်မာပြည်သူများ စိတ်ဆိုးဒေါသဖြင့် ထုတ်ပြန် ကြေညာချက်ကို တုံ့ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း စာသင်ကျောင်းကို လေ ကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးသေဆုံးမှု ပစ်ခတ်သူ အကြမ်းဖက်စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ ဝမ်းနည်းကြေကွဲဟုသာ UNICEF ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်...

ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၆ ဦးသေဆုံးမှု စစ်ရာဇဝတ်မှုမြောက်ဟု NUG ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာ ရှုတ်ချပြီး စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကို...

အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိမှု AA က ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ စက်တင်ဘာ ၁၇ အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိမှု AA က ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဟက်ပေးမည်ဆိုပြီး ငွေလိမ်လည်သည့် Lily Par (IT) အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် အသိပေးခြင်း

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဟက်ပေးမည်ဆိုပြီး ငွေလိမ်လည်သည့် Lily Par (IT) အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် နှိုးဆော်အပ်ပါသည်။ Khit Thit၏ သတင်းပို့စ်များအောက်တွင် "Facebook အကောင့်တွေ ဟက်ပေးနေတဲ့ ဆရာပါ လိုအပ်သူများ ဟက်ခိုင်းလို့...

ကရင်နီပြည်နယ်တွင် မှတ်ပုံတင်အမှတ် ၂/ သာ သွားလာခွင့်ရှိမည်ဟု ထုတ်ပြန်ချက်ကို ပြင်ဆင်ပြီး ဖြတ်သန်းသွားလာသူတိုင်း စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံရန် KNDF တပ်ရင်း ၂ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က စက်တင်ဘာလ ၁၅ ရက် ယမန်နေ့က ထုတ်ပြန်ခဲ့သော 'ကရင်နီပြည်အတွင်း ၂/ မှတ်ပုံတင်ကိုင်ဆောင်သူများသာ ဖြတ်သန်းသွားလာခွင့် ရှိမည်' ဟုပါရှိသော ကြေညာချက်ကို ပြင်ဆင်ပြီး လူတိုင်းဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ကာ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံရမည်ဟု KNDF...

တိုက်ပွဲများပြင်းထန်နေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီသူလျှိုများ အရပ်သားဟန်ဆောင် သွားလာနေသဖြင့် ၂/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ သွားလာခွင့်ပြုမည်ဟု KNDF တပ်ရင်း ၂ စာထုတ်

ရန်ကုန်၊ စက်တင်ဘာ ၁၅ နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ သူလျှို၊ ကင်းထောက်များကို အရပ်ဝတ်ဖြင့် စေလွှတ်ကာ ထောက်လှမ်းမှုများ ရှိနေသဖြင့် ကရင်နီပြည်နယ်တွင် မှတ်ပုံတင်အမှတ် ၂/ ကိုင်ဆောင်သူများကိုသာ မြို့နယ်များကို ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂...

ရခိုင်တွင် အကြမ်းဖက် စစ်ကောင်စီက စစ်အင်အားဖြည့်တည်းနေ၍ AA က အရေးပေါ် ကြေညာ၊ ခရီးသွားလာမှုများ သတင်းပို့ ကြရန် တိုက်တွန်း

ရန်ကုန်၊ စက်တင်ဘာလ ၁၄ ရခိုင်ပြည်နယ်အတွင်း တပ်စခန်းများ ဆုံးရှုးထားသည့် အာဏာသိမ်းစစ်ကောင် စီတပ်က အရပ်ဘက်သုံးယာဉ်များကိုပါသုံး၍ အင်အားဖြည့်တင်းလာသည်ကို တွေ့ရသည့်အတွက် ရက္ခိုင့်တပ်တော် -AA က ကုန်လမ်း၊ ရေလမ်းယာဉ်များကို စစ်ဆေးတော့မည်ဟု အရေးပေါ် ကြေညာချက် ထုတ်ပြန်သည်။ အကြမ်းဖက်စစ်တပ်က တပ်စခန်းများ ဆုံးရှုးထား၍ လေယာဉ်၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊...

လွိုင်ကော်-မော်ချီးလမ်းကို တစ်ပတ် ၃ ရက်သာ ဖွင့်မည်ဖြစ်ပြီး စည်းကမ်းချက် ၇ ချက်ကို ကရင်နီပြည်အစိုးရ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် မော်ချီးဆက်သွယ်ထားသော ကားလမ်းမကြီးကို တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်သာ လမ်းဖွင့်မည်ဖြစ်ပြီး ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက် ၇ ချက်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လိုက်သည်။ စက်တင်ဘာလ ၈...

စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေး ယာဉ်လိုင်းများကို မိုင်းဆွဲတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ လိုက်ပါစီးနင်းခြင်းမပြုကြရန် မေတ္တာရပ်ခံသတိ ပေးချက် ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၉ မန္တလေး-မုံရွာ လမ်းခရီးတွင် စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေး ခရီးသည်တင်ယာဉ်လိုင်းများကို ပြည်သူများ လိုက်ပါ စီးနင်းခြင်း မပြုကြရန် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံသတိပေးချက် ထုတ်ပြန်လိုက်သည်။ စက်တင်ဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စီးပွားရေးဦးပိုင်လိမီတက်(စစ်တပ်ပိုင်) ရွှေမန်းသူကားများ၊...

အကြမ်းဖက်စစ်တပ်ကို အထိနာစေသည့် နိုင်ငံအနှံ့ရှိ ဒရုန်းစစ်ဆင်ရေးများကို ပိုမိုအားဖြည့်ရန် Project Skywalk က ဆောင်ရွက်နေပြီး ၁၇ ရက်အတွင်း အလှူငွေ ဒေါ်လာ ၁ သန်း ရရှိရန် မျှော်လင့်

ရန်ကုန်၊ ဩဂုတ် ၂၉ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများတွင် စစ်တပ်အတွက် အထိနာစေသော ဒရုန်းစစ်ဆင်ရေးများကို ယခင်ထက်ပို အားဖြည့်နိုင်ရန် Project Skywalk အဖွဲ့က အလှူငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်း (မြန်မာကျပ်ငွေ သိန်း...

Latest news

- Advertisement -spot_img