ရန်ကုန်၊ ဇွန် ၂၉
မြန်မာစစ်ကောင်စီဟာ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်မယ့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar (GPM) ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရှိရကြောင်း Justice For Myanmar ကထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက်အခွန်ဝင်ငွေရင်းမြစ် ဆက်လက် ပေးအပ်နေရာရောက်ပြီး၊ မကြာခင် ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်လို့JFM က ဆိုပါတယ်။
PTTEP နဲ့ ENEOS တို့ ပေါင်းထားတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) နဲ့ မိတ်ဖက်သဘောတူညီချက် တစ်ရပ်အရ Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ လက်ရှိကြီးကြပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။
ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီစီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်ပေးကြဖို့Friends of the Earth Japan, Justice For Myanmar နဲ့ Mekong Watch တို့က အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်တယ်ဆိုတာမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုဆီကို အခွန်ဝင်ငွေတွေ အနာဂတ်မှာမစီးဆင်းအောင် သေသေချာချာစီစဉ်ဖို့နဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေနဲ့ ဓါတ်ငွေ့တွင်းကို ပိတ်သိမ်းဖို့ သင့်လျော်တဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဥရောပသမဂ္ဂ တဖွဲ့တည်းကသာ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့လည်း ဆိုပါတယ်။
Gulf Petroleum Myanmar (GPM) က ဘယ်သူလဲ?
=============
GPM ကုမ္ပဏီဆိုတာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့မှာ စီးပွါးရေးလုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ယမ်ဘန်ရွန်းရဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးဆက်နွယ်မှုဟာ ၁၉၉၅ ခုနှစ် အစောပိုင်းကာလMyanmar Yellow...
ရန်ကုန်၊ ဇွန် ၂၉
ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ Penny Wong ထံသို့ NUG ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စုကို ဒဏ်ပိတ်ဆို့ရေး အပါအဝင် အချက် ၁၅ ချက် ကို မြန်မာနှင့်ဒေသတွင်းနိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၆၈၈ ခုကယနေ့ တောင်းဆိုလိုက်ကြသည်။
မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၈၈ ဖွဲ့က သင့်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရာထူးခန့်အပ်ခြင်းကို ကြိုဆို ထောက်ခံ ကြောင်းနှင့် အစိုးရအဖွဲ့တွင် ပါဝင်သည့်အခါ မြန်မာပြည်သူလူထုနှင့်အတူတကွ ခိုင်မာပြီး တည်တံ့သော ဆက်ဆံရေးဖော်ဆောင်ရန် ဩစတြေးလျ လုပ်သား ပါတီ (Australian Labor Party) ၏ ကြိုးပမ်းအားထုတ်မှုကို အလေးထား အသိအမှတ်ပြုပါကြောင်း အိတ်ဖွင့်ပေးစာတွင် ပထမဦးစွာဖော်ပြထားသည်။
ဩစတြေးလျအနေဖြင့် မြန်မာ့ဒီမိုကရေစီ အရေးအပေါ် တိုက်ရိုက် တိုက်ခိုက်မှု ကို ဘေးမှရပ်ကြည့်မနေသင့်ကြောင်း သင်၏ ယခင် မှတ်ချက်များနှင့် ဩစ တြေး လျ အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် မားမား မတ်မတ် ရပ်တည်ပြီး ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် သင်၏ တိုက်တွန်း တောင်းဆိုချက်ကိုလည်း ဂရုပြုမိပါကြောင်း ၊အရှေ့တောင် အာရှ ရေးရာ အထူးသံတမန် ခန့်အပ်ရန်၊ အရှေ့တောင်အာရှဒေသတွင်းသို့ အကူအညီ များ တိုးချဲ့ပေးပို့ရန်နှင့် “First Nations Foreign Policy” ကို အကောင် အထည် ဖော်ရန်ဩစတြေးလျနိုင်ငံ အစိုးရ၏ ကြိုးစားအားထုတ်မှုကိုလည်း အသိ အမှတ်ပြုကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။
လက်ရှိ တရားမဝင်စစ်အုပ်စု၏ ထိတ်လန့်စို့းရွံ့ဖွယ်ရာ ခြိမ်းခြောက်မှုကို ခံနေရ သော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကြောင်း ရပ်တည် လှုပ် ရှား မှုများနှင့် ထိရှပျက်စီးလွယ် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက် ရန် နှင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးများ ထိန်းသိမ်းကတိပြုသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ခုအတွက် ရုန်းကန်ကြိုးပမ်း နေကြ သည့် အသံများ၊ ရပ်တည်တောင်းဆိုချက်များကိုနားဝင်ကြား သိစေရန် အတွက် ယခုအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု မှစတင်ပြီး တရားမဝင် စစ်အုပ်စုသည် နေရာအနှံ့မှ လူထုလူတန်းစား အရပ် ဘက် အင်အားစုအသီးသီးက ခုခံတော်လှန်ကြသည့် မြန်မာပြည် သူလူထု အပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲလျက်ရှိကြောင်း၊ စစ်အုပ်စုသည် ပြည်သူ လူထုအပေါ် တိုက်ခိုက်ခြင်းများနှင့် တရားလက်လွတ် ပစ်ခတ် တိုက်ခိုက် ခြင်း များအပါအဝင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဆင်နွှဲခဲ့ပြီး ပြည်သူဦးရေ ၂,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်ဟု အခြေအနေကို ရှင်းပြထားသည်။
အာဏာသိမ်း ကြိုးပမ်းချိန်ကစပြီး နိုင်ငံတဝန်းစစ်အုပ်စု၏ သွေးအေးအေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ မုဒိန်းကျင့်မှုများ၊ ကျေးရွာ အိုးအိမ်နှင့် စားနပ်ရိက္ခာများ မီးရှို့ဖျက်ဆီးမှုများ ကြောင့် ပြည်သူပေါင်း ၄၄၀,၀၀၀ ခန့်သည် အိုးပစ်အိမ်ပစ် ထွက်ပြေးရသည့် အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း၊၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း မှာပင် စစ်ကိုင်းတိုင်းအတွင်းရှိ အိမ်ခြေပေါင်း ၅,၆၀၀ ကျော်ကို စစ်အုပ်စု တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ စစ်အုပ်စု၏ ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်ပြီး၊ ဤရာဇဝတ်မှုများကို စစ်ကောင်စီသည် အပြစ်ပေးဒဏ်ခတ် အရေးယူခံရခြင်း အလျဉ်းမရှိပဲ ကျူးလွန်ခွင့် ရနေကြောင်း ရှင်းပြသည်။
စစ်အုပ်စုက ဖျက်ဆီးခဲ့သဖြင့် နိုင်ငံ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး စားနပ်ရိက္ခာမလုံခြုံမှု (မလုံလောက်မှု) ဆိုးဆိုးရွားရွားကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုသည် ကြေးနန်း ဆက်သွယ်ရေးကိုလက်နက် သဖွယ်အသုံးပြုခဲ့ပြီး နိုင်ငံ၏ နေရာအနှံ့အပြားတွင် အင်တာနက် ဖြတ် တောက်ခြင်း၊ သတင်းရင်းမြစ်များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူများကို စောင့်ကြည့် ပစ်မှတ်ထားခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း၊ ဂျာနယ်လစ်များအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နာမည်ဖျက်ခြင်း နှင့် အမုန်းစကားများ၊သတင်းအမှားများ ဖြန့်ဝေခြင်းတို့ဖြင့် ပစ်မှတ်ထား တိုက် ခိုက် ခဲ့ကြောင်း ဝေဖန်ထောက်ပြထားသည်။
အာဆီယံသည် စစ်အုပ်စုအကြမ်းဖက်မှုများတွင် ကြံရာပါ ပါဝင်ပတ်သက်နေပြီး စစ်အာဏာ သိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ အာဆီယံသည် မြန်မာပြည်သူ လူထု ၏ အသံများကို လျစ်လျူရှုခဲ့ပြီး စစ်အုပ်စု တရားဝင်ဖြစ်ရေးကိုဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ အာဆီယံ၏ အောင်မြင်မှုမရှိသော ဘုံသဘောတူညီချက် ငါးချက်သည်တရားမဝင် စစ်အုပ်စု တစ်ဖွဲ့တည်းနှင့်သာ ဆွေးနွေး သဘော တူညီခဲ့ကြခြင်း ဖြစ်သည့်အပြင်၊ ယင်းတို့ကိုအကောင်အထည်ဖော်ရန် ဂတိ ကဝတ် များကိုလည်း စစ်အုပ်စုဖက်က ပျက်ကွက်ခဲ့ကြောင်း၊ အာဆီယံသည်အစည်းအဝေးပွဲများ၊ အခမ်းအနားများ၊ စစ်ရေးလေ့ကျင့်မှုများသို့ စစ်အုပ်စုကို ထပ်ကာတလဲလဲ ဖိတ်ကြား တက်ရောက်စေခဲ့ကြောင်း ပြောဆိုသည်။
ထို့အပြင် စစ်ရာဇဝတ်ကောင်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေး လျ နိုင်ငံတို့နှင့် ထိတွေ့ ဆက်ဆံနိုင်စေရန် အာဆီယံက အကာအကွယ်ပေးခဲ့ပြီး၊ ယင်းသည် ဩစတြေးလျနိုင်ငံ၏ အမည်ကို အလွဲသုံးစားပြု၍ရာဇဝတ်မှုများ ပြုလုပ်နိုင်ရန်အတွက် စစ်အုပ်စုအား ပိုမိုအတင့်ရဲစေခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံတမန်သည်လည်း တရားမဝင် စစ်အုပ်စု၏ သဘော ဆန္ဒအပေါ် နာခံလိုက်လျောလျက် ရှိပြီးမြန်မာနိုင်ငံ၏ တရားဝင် အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက် လျက် ရှိကြောင်း ရှင်းလင်းပြောဆိုထားသည်။
အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပူးပေါင်း ဆောင်ရွက်ရေး စင်တာ (AHA Centre) သည် သဘာဝဘေး အန္တရာယ် ကြောင့် ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေများအတွက် အစိုးရအချင်းချင်းကြား စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဩစတြေး လျ နိုင်ငံသားများ၏ အခွန်ဘဏ္ဍာငွေများဖြင့် ပံ့ပိုးထားကြောင်း၊ AHA စင်တာ ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများဖြန့်ဝေပေးရန် ပင်မ မိတ်ဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် စစ်အုပ်စုသည် လက်ရှိပဋိပက္ခတွင် အဓိကရန်လိုသူ၊ ပြစ်မှုကျူးလွန်သူ ဖြစ်နေသည့်အတွက် လက်ရှိ အခြေ အနေကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်မရှိသည်ကို သိရှိရန် ပြောဆို ထားသည်။
စစ်အုပ်စုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက် သဖွယ် အသုံးပြုခွင့် ပေးခြင်းဖြင့် ပြည်သူလူထု အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်စေသော အကြမ်းဖက်မှုများ၏ အဓိကကျူးလွန် သူဖြစ်သည့် စစ်အုပ်စုကို တရားဝင်မှု သာမက နည်းဗျူဟာအရ၊ နိုင်ငံရေးအရ အခွင့်အရေး ပေးရာရောက်ပြီး မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ပိုမိုဆိုးရွား လာစေကြောင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တစ်ခုချင်းစီနှင့် သီးခြားတွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရန် ပျက်ကွက်သည့် AHA စင်တာ ၏ သွေးခွဲဆက်ဆံသော ချဉ်းကပ်မှုပုံစံကို အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချကြောင်း အိတ်ဖွင့်ပေးစာတွင် ပြောဆိုထားသည်။
ယခင်မော်ရစ်ဆင်အစိုးရသည် ဩစတြေးလျနိုင်ငံ၏ စံနှုန်းများနှင့် ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးဆိုင်ရာကတိကဝတ်များကို လေးစားလိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့သည်မှာ ရှက်ဖွယ်ရာအတိဖြစ်ကြောင်း၊ ရှေ့ယခင်ဝန်ကြီးသည် မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ တာဝန်ခံ မှုအတွက် နိုင်ငံတကာကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန်၊ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်နှင့်အမျိုးသား ညီညွတ်ရေး အတိုင်ပင် ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင် ပင်ခံ အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ထောက် ပြထား သည်။
ထို့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုကို နှစ်နိုင်ငံနှင့်နိုင်ငံစုံ ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် တရားဝင်အသိအမှတ်ပြုသည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဩစတြေးလျနိုင်ငံ၏ Future Fund သည်မြန်မာစစ်အုပ်စုကို စစ်လက်နက်နှင့် အမြတ်အစွန်းများ ပေးနေသည့် စီးပွားရေး လုပ်ငန်းများတွင် ဆက်လက်ရင်းနှီးမြုပ်နှံထားကြောင်း၊ မြန်မာ နိုင်ငံ ကို ချေမှုန်းဖျက်ဆီးနေသည့် စီးပွားရေးလုပ်ငန်းများမှ အမြတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဩစတြေးလျနိုင်ငံ၏ မြန်မာ့အရေးအတွက် လက်ရှိ ဦးတည်ရာလမ်းကြောင်းပြောင်းလဲပါရန် အချက် ၁၅ ချက်တောင်း ဆိုပါကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
အရပ်ဘက်အဖွဲ့များ တောင်းဆိုသော အချက် ၁၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူအားလုံးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ် ပေးရန်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အနေဖြင့် လည်းကောင်း၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား အမြင့်ဆုံး အတိုင်ပင်ခံ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း အသိအမှတ်ပြု ထောက်ခံအားပေးရန်။
၃။ တရားမဝင်စစ်အုပ်စု၏ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့်အပ်မှုကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သံအမတ် ခန့်အပ်မှုကို လက်ခံပေးရန်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) များနှင့် တိုင်ပင်၍ ယုံကြည်စိတ်ချရသော ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများမှ တစ်ဆင့် ဩစတြေးလျနိုင်ငံက ပေးအပ်သောအကူအညီများကို နယ်စပ်ဖြတ်ကျော် ဖြန့်ဝေ ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းအတွက် ပံ့ပိုးကူညီမှုများ ပိုမို ပြုလုပ်ရန်။
၅။ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် တာဝန်ခံမှု အပြည့်အ၀ ရရှိရန်အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှုတွင် ပါဝင် ဆောင်ရွက်ရန်။
၆။ စစ်အုပ်စုအတွက် ၀င်ငွေရင်းမြစ်ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစု အသိုင်းအဝန်းများနှင့်သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ခြိမ်းခြောက်နေသည့် သတ္ထုတွင်းထွက်များ ရှာဖွေခြင်းနှင့် တူးဖော် ခြင်းများကိုဩစတြေးလျ သတ္တုတွင်းကုမ္ပဏီများက ဆက်လက် လုပ်ဆောင်ခြင်းမှ တားဆီးအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ရန်။
၇။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏ခရိုနီများနှင့် စီးပွာရေးလုပ်ငန်းလုပ်ခြင်းမှ ရှောင်ရှားနိုင်ရန် ဩစတြေးလျစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် အကြံပေးတစ်ဦး ထားရှိ ခန့်အပ်ရန်။
၈။ အာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်နှင့် ဝင်ငွေအမြတ်အစွန်းများ ပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများအားလုံးမှ Future Fund ၏ ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းစေရန်။
၉။ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ အရေးယူမှု ချမှတ်ရေးနှင့် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းရန်။
၁၀။ မြန်မာ့အရေးအား အရေးယူရန်ပျက်ကွက်မှုအပေါ် အာဆီယံ၏ နောက်ကွယ်တွင် ဆင်ခြေပေး ပုန်းကွယ်နေခြင်းကို ရပ်တန့်ရန်။
၁၁။ မြန်မာအာဏာသိမ်းစစ်အုပ်စုကို အစည်းအဝေးများ၊ အစီအစဉ်များနှင့် စစ်ရေးလေ့ကျင့်မှုများ အားလုံးမှဖယ်ထုတ်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်များ တက်ရောက်မည့် အစည်းအဝေးပွဲများအားလုံး ဆန့်ကျင်သပိတ်မှောက်ရေး အာဆီယံကို တိုက်တွန်းရန်။
၁၂။ မြန်မာပြည်အကျပ်အတည်းအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံမူများကို လိုက်နာသည့် တာရှည်ခံ၍ ခိုင်မြဲသော အစားထိုးအဖြေကို ရှာဖွေရန် ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူလက်တွဲ အလုပ်လုပ်ရန်။
၁၃။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် ချမှတ်ပြီး ဖြစ်သော အာဏာသိမ်းစစ်အုပ်စုကို အကူအညီများ ဖြန့်ဝေပေးရေးတွင် ထိန်းချုပ်ခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းရေး အာဆီယံအားတိုက်တွန်းရန်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်း ဆောင်ရွက်ရေးစင်တာ (AHA Centre)၏ သွေးခွဲဆက်ဆံသည့် ချဉ်းကပ်ပုံကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်း မှုကို စတင်ရန်။ ဤအချက်များအား အာဆီယံက လုပ်ဆောင်ရန် ပျက်ကွက်ပါက မြန်မာ့အရေး အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ကိုပေးအပ်လျက်ရှိသော အကူအညီနှင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ ရပ်ဆိုင်းရန်။
၁၄။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက် နိုင်ရေး အာဆီယံအထူးသံတမန်၊ ကုလသမဂ္ဂအထူးသံတမန်တို့နှင့်ထိတွေ့ဆက်ဆံနိုင်ရန် ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် တာဝန်ပေး ခန့်အပ်ရန်။
၁၅။ Quad အဖွဲ့ဝင် ဂျပန်နှင့် အိန္ဒိယတို့က စစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေမှုကို ချက်ချင်း ရပ်တန့်ရေး၊လက်နက်ရောင်းချမှု ပိတ်ဆို့ရေးနှင့် စစ်အုပ်စုအတွက် စစ်ရေးပံ့ပိုးမှု အားလုံးကို အဆုံးသတ်ရေး တိုက်တွန်းရန်။Quad သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အဖြစ် အသိအမှတ်ပြုထောက်ခံရန်။
ရန်ကုန်၊ ဇွန် ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNLA၊ KNDO ပူပေါင်းတပ်ဖွဲ့က ၃ ရက်ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ဥကရစ်ထခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက်နေ့နံနက်တွင် KNDO...
ရန်ကုန်၊ ဇွန် ၂၈
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့တွင်...
ရန်ကုန်၊ ဇွန် ၂၈
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက် နှင့် တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ် သတ် မှတ်ထားပြီး CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း ၃၄၄ သိန်း...
ရန်ကုန်၊ ဇွန် ၂၈
ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း...
ရန်ကုန်၊ ဇွန် ၂၈
မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်...
ရန်ကုန်၊ ဇွန် ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းရှေ့နှင့် ဆက်သွယ်ရေးရုံး အနီးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော် ဝင်း လိုက်ပါလာသော ကား ဗုံးပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၈...
ရန်ကုန်၊ ဇွန် ၂၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို ရှုတ်ချကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်လိုက်ပြီး လက်ရှိ ပဋိပက္ခတွင် ဝမ်ပေါင်အနေဖြင့် ပါဝင် ပတ်သက်လိုခြင်းမရှိကြောင်း ဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်ပြောဆိုသည်။
လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင် ကုမ္ပဏီ၏ လက်ပံတောင်းစီမံကိန်းတွင် ဗုံးကျရောက်ကာ ဗို့အားမြင့်ဓာတ်အားပြင်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံ ရခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း၊ စီမံကိန်းအတွင်းရှိ ဝန်ထမ်းများ အသက် လုံခြုံကို ရေး အလေးမထားခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံ ရမှုသည် စီမံကိန်းအနီးအနားဒေသ လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက် စေခြင်းသာ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီကြေညာချက် ထုတ်ပြန်ခဲ့သည်။
သတ္တုတွင်းထုတ်လုပ်မှုစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရပ်ဆိုင်းထားပြီး စက်ရုံထိန်းသိမ်းရေး၊ကုမ္ပဏီဝန်ထမ်းများနှင့် စီမံကိန်းပတ် ဝန်းကျင် အကျိုးဖြစ်ရေးသာ ငွေကြေးရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာဝန်ထမ်း အချို့မှာ ၎င်းတို့၏ သဘောဆန္ဒအရ သတ္တုတွင်းဧရိယာတွင် နေထိုင် နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကိုတိုက်ခိုက်မှုသည် မြန်မာဝန်ထမ်းများ အတွက် ဝင်ငွေ ဆုံးရှုံးမှု ဖြစ်စေပြီး လျှပ်စစ်တာဝါတိုင်ပျက်စီးမှုကြောင့်စီမံကိန်း အနီးအနားဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက်စေ သည်ဟု ဝမ်ပေါင်က ဆိုသည်။
လက်ရှိအချိန်တွင် စီမံကိန်းမှာ ၁၆ လကျော်ကြာ ရပ်ဆိုင်းသွားခဲ့ပြီး ဝန်ထမ်း အများစုကို အခြေခံလစာ ပေးထားကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် လက်ရှိ ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်လိုခြင်းမရှိဘဲ ကျေးရွာများထိခိုက် ဆုံးရှုံး မှု မရှိဘဲ လက်နက်ကိုင်အဖွဲ့များနှင့် လက်နက်မဲ့ အဖွဲ့များအနေဖြင့် စီမံကိန်း ဝန်ထမ်းများကိုအသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေး ဝမ်း ကျောင်း ပြုပိုင် ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခွင့် လေးစားပေးရန် တောင်းဆို ကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်ဝမ်ပေါင်နှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်းဆောင်ရွက်နေသော လက်ပံ တောင်း တောင် ကြေးနီစီမံကိန်းကိုရပ်ဆိုင်းရန်နှင့် စစ်တပ်၊ ရဲများကို ပံ့ပိုး ကူညီ ခြင်းများ မလုပ်ဆောင်ရန် PDF မဟာမိတ်တပ်ပေါင်းစုက တရုတ်ဝမ်ပေါင် ကို သတိပေးခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် လိုက်နာခြင်းမရှိ သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆားလင်းကြီး အခြေစိုက် LPDF များ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွင်းရှိ ဝန်ထမ်းအိမ်ရာ နှင့်ရုံးများ။
ရန်ကုန်၊ဇွန် ၂၈
ပဲခူးတိုင်း၊ တောင်ငူခရိုင် အမြန် လမ်းမ မိုင်တိုင် ၁၈၆ တွင် ဇွန်လ၂၂ ရက်နေ့ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုငြိမ်းမောင်နှင့်အတူ အမျိုးသမီး၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လူမှုကွန်ရက် Facebook အကောင့် များကို စစ်တပ်က အသုံးပြုလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။
ယင်းသို့ဖမ်းဆီးထားသည့် သတင်းကို စစ်ကောင်စီမှ မထုတ်ပြန်ဘဲ ၎င်းတို့ အသုံး ပြုသည့် Facebook အကောင့်ကို စစ်ကောင်စီက ဆက်လက် အသုံး ပြုနေသည်ကို တွေ့ရကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များကပြောသည်။
ဖမ်းဆီးခံထားရသူများ၏ လူမှုကွန်ရက်အကောင့်များမှတစ်ဆင့် ဆက်သွယ် လာလျှင် ပြန်လည်စကားပြောခြင်းမပြုရန်နှင့် ယခင် ပြောထားခဲ့သူများ အနေ ဖြင့်လည်း ရှောင်တိမ်းကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။
ကိုငြိမ်းနှင့်အဖွဲ့သည် ၁၁၅မိုင်ကနေ အာကာသယာဉ်လိုင်းဖြင့် ခရီးသွားနေစဉ် ၁၈၆မိုင်အရောက် အဖွဲ့စုံမှ ၎င်းတို့စီးလာသည့်ကားကို စစ်ဆေးစဉ် ဖမ်းမိ ခဲ့ ခြင်းဖြစ်ပြီး လတ်တလော တွင် တောင်ငူစစ်ကြောရေးကို ရောက်ရှိ နေပြီးသတင်းမထုတ်ပြန်ဘဲ ၎င်းတို့ကို အတင်းအကျပ်ဖုန်း ဆက်ခိုင်းခြင်း၊ အဖမ်း ခံရသူများ၏ Facebook အကောင့်များကို အသုံးပြုပြီး အခြားသူများကို ဖမ်း ဆီးခြင်းများ ပြုလုပ်လျက်ရှိ နေကြောင်း သိရသည်။
ယင်းအမှုနှင့် ဆက်စပ်၍ မန္တလေးတွင်လည်း လူငယ်တစ်ဦးအဖမ်းခံထားရပြီး နန်းတွင်းစစ်ကြောရေးကို ရောက်ရှိနေကြောင်း သိရသည်။
ယင်းအပြင် ကိုငြိမ်းမောင်တို့ကို တင်ဆောင်လာသည့် အာကာသယာဉ်လိုင်းမှ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်ကိုလည်း နောက်တစ်ရက်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖမ်းဆီးခံရသော ပဲခူး PDF ကိုငြိမ်းမောင်။