29 C
Yangon
spot_img

CATEGORY

Politics

မုံရွာ-အမြင့်လမ်းပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မုံရွာတွင် အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လွိုင်ကော်၊ရေဦးနှင့်ပခုက္ကူတို့တွင် စစ်တပ်က သတ်ဖြတ်ထားခဲ့သည့် ပြည်သူအလောင်း ၄ လောင်းတွေ့ရှိရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ထူဒူငံသရွာတွင် သေဆုံးနေသော ပြည်သူ ၂ ဦးကို ဒေသခံများကတွေ့ရှိပြီး ဇန်နဝါရီလ ၂၈ ရက် တွင် ညောင်လေးပင်လူမှုကူညီရေးအသင်းက မြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။အဆိုပါ ပြည်သူ ၂ ဦးမှာ သားအမိ တော်စပ်ပြီး အသက်...

မန္တလေးတွင် “ကိုယ့်ရွာကိုယ်သိမ်း ကိုယ့်မြို့ကိုယ်ထိန်း” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး စိန်ပန်း သပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မန္တလေးတွင် စိန်ပန်းသပိတ်စစ်ကြောင်း၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး သပိတ်စစ်ကြောင်း၊ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းနှင့် မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းတို့ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် "ကိုယ့်ရွာကိုယ်သိမ်း ကိုယ့်မြို့ကိုယ်ထိန်း" ဖက်ဆစ် စစ်တပ် ချေမှုန်းရေး စိန်ပန်း သပိတ်စစ်ကြောင်း...

KNU တပ်မဟာ ၂ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၁၁ တပ်နှင့် သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်အခြေစိုက် ခမရ ၄၁၁ တပ်ရင်းနှင့် သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ NTDF ကြား ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး...

ရန်ကုန်သန်လျင်မြို့နယ်ရှိ စစ်တပ်နှင့်ဆက်နွယ်နေသော Denko ဆီဆိုင် ဗုံးခွဲခံရ၊ အင်းစိန်ထောင်ဝင်ပေါက်တွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်တပ်နှင့်ဆက်နွယ်နေသော Denko ဆီဆိုင် ဗုံးခွဲခံရပြီး လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသော Denkoဆီဆိုင်ကို ယနေ့ ဇန် နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် သန်လျင်မြေအောက်ပျောက်ကျားအဖွဲ့က...

ရေဖြူတွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မုံးကိုးတွင်လည်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ကာ MNDAA ကို ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄ ဦး(အတည်ပြုနိုင်) သေဆုံးပြီး အတည်မပြုနိုင်သေးသည့်...

ရန်ကုန်ရှိ မြို့နယ် ၈ခုတွင် အသံတိတ်သပိတ်၌ ပြည်သူများ ပူးပေါင်းပါဝင်ရန် လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရန်ကုန်ရှိ မြို့နယ် ၈ခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် အသံတိတ်သပိတ်၌ ပြည်သူများ ပူးပေါင်းပါဝင်ရန် လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။ Photo - GSCB

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ၊ KIA PDF နှင့် NUG ထောက်ခံရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ KIA ၊ PDF နှင့် NUG ထောက်ခံရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လ ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ထားသည့်...

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မန္တလေး KBZ စက်မှုဘဏ်ခွဲ ဗုံးပစ်ခံရပြီး ၁ ဦးထိခိုက်၊ ဆက်သွယ်ရေးရုံးကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ဦး ဒဏ်ရာရ၊ ရန်ကုန်ကမာရွတ်တွင် ကင်း စောင့်စစ်အုပ်စုကို ဗုံးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ချိန် ဖြတ်သန်းသွားသည့် ပြည်သူကြောင့် အစီအမံ ရွှေ့လိုက်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မန္တလေးမြို့၊ စက်မှုစျေးထိပ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၄၀ ကို ယနေ့ နံနက်ပိုင်းတွင် ဗုံးပစ်တိုက်ခိုက်လိုက်ပြီး ဗုံးကွဲမှုကြောင့် မှန်များကွဲကာ လူ ၁ ဦး ထိခိုက်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VOMDY က ပြောသည်။ မန္တလေး၊ ၆၂ လမ်း၊ ၁၃၃ လမ်း၊...

Latest news

- Advertisement -spot_img