29.6 C
Yangon
spot_img

CATEGORY

Politics

မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချနေမှုအတွက် JMPDF နောက်ဆုံးအကြိမ်သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄  မန္တလေးမြို့ရှိ KTV နှင့် ဘီယာဆိုင်များတွင် အကြမ်းဖက် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချခြင်းမပြုရန်၊ ဆက်လုပ်နေပါက ကိုယ်ဖြစ် ကိုယ်ခံ ဟု Justice Mandalay People Defense Force က ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်...

ရေဦးတွင် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများအနီး လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်း ထိုးလာခြင်းကြောင့် ကျေးရွာ ၃ရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၄  စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာ ၃ရွာကို လက်နက်ကြီးများ ပစ်ခတ်ပြီး အင်အား အလုံးအရင်းဖြင့် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တန့်ဆည်မြို့နယ် ဒေသခံပြည်သူများက...

ဒီပဲယင်းတွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ် 

ရန်ကုန်၊ ဇန်နဝါရီ ၂၄  ဒီပဲယင်းမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် "ပြည်တော်ဝင်ဖို့ ရုန်းကြစို့" ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။  Photo - ဒီပဲယင်းမြို့နယ် တော်လှန်ရေးစစ်ကြောင်း ဦးဆောင်ကော်မတီ

မန်းရွှေစက်တော်ရာဘုရားလည်း မင်းအောင်လှိုင်ကို ချီတက် အလေးပြုရမည့်အထဲပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၄  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကို အလေးပြုမည့် ကားများ အလှဆင်ရာတွင် မန်းရွှေစက်တော်ရာဘုရားကိုလည်း  ထည့်သွင်းတည် ဆောက်ခိုင်းထားကြောင်း  သိရှိရသည်။ နေပြည်တော်တွင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုမည့် ကား ၅၀ နီးပါး အလှဆင်လျက်ရှိပြီး မန်းရွှေစက်တော်ရာဘုရား အမည်ဖြင့် ကားတစ်စီးကိုလည်း ပြင်ဆင်ထားပြီး ယင်းကားသည်...

BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် စစ်ကောင်စီကို ဖိတ်ကြားခြင်းအား ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄  သီရိလင်္ကာနိုင်ငံမှာ (၅) ကြိမ်မြောက်ကျင်းပမယ့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးအစုအဖွဲ့ BIMSTEC ရဲ့ နိင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ဖို့ ရှိနေပါတယ်။ BIMSTEC အဖွဲ့ဝင် နိုင်ငံများအစုအဖွဲ့မှာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ ပါဝင်ပြီး...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလေးပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံ စဆောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၄  အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားတွင် အလေး ပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံကို တည်ဆောက်နေကြောင်း သိရှိရသည်။  ဗိုလ်ရှုခံအဆောက်အအုံ တည်ဆောက်သည့်နေရာသည် သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်း အနီး တွင်ဖြစ်ပြီး...

ဒီးမော့ဆို၊ ဟိုဖိတ်နှင့် စိုက်ကွင်း ၂ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူပိုင်နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင်း ၂ ကျေးရွာများဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် တွင် ၁၀ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်က အများပြည်သူနေအိမ်များကို...

ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်မှု စစ်အရာရှိ ၂ ဦးအပါ အဝင် ၂၀ ထက်မနည်းသေဆုံး၊ PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄  စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ် ရဲစခန်းနှင့်စစ်ကောင်စီစခန်းကို PDF ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးကြောင်း ပင်လည်ဘူးPR က သတင်းထုတ်ပြန်ထားသည်။  ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၃ နာရီ ၄၅ မိနစ်အချိန်...

ပုလောတွင် စစ်တပ်က နေအိမ်ရှေ့တွင် ထောင်ခဲ့သောမိုင်း နင်းမိသောကြောင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၆နှစ် ကလေးငယ် ၁ဦး ပြင်းထန် ဒဏ်ရာရ 

ရန်ကုန်၊ ဇန်နဝါရီ ၂၃  ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလော) ပဝတ်ဖျားကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်ခန့်တွင်  အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြည်သူတစ်ဦး၏ နေအိမ်ရှေ့တွင် ထောင်ခဲ့သော မိုင်းနင်းမိသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၆နှစ်...

Latest news

- Advertisement -spot_img