25.1 C
Yangon
- Advertisement -spot_img

TAG

Crime

ပင်လောင်း-ဖယ်ခုံအစပ်ရှိ ကျေးရွာကို စစ်တပ်က လေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ၊ မြင်းမူနှင့် စလင်းတွင်လည်း စစ်တပ်က ဒရုန်းများဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၉ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ပြင်ဆောင်ကျေးရွာ (ဒေသအခေါ် ဆီးဘူးဒေသ) ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း နှင့် ဒရုန်းများအသုံးပြုကာ ဗုံးသီးအလုံး ၄၀ ခန့်ဖြင့် ၈ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၁...

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လှုပ်ရှားမှုအပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့လှုပ်ရှားမှု သပိတ်ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကားဝပ်ရှော့ဆိုင်တစ်ခု ပျက်စီးခဲ့ကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇွန်လ...

မြိုင်မြို့နယ်တွင် စစ်တပ်က အသက် ၆၀ အရွယ် စစ်ဘေးရှောင် ဦးဝင်းရွှေကို လက်ပြန် ကြိုးတုတ်၍ လည်လှီးသတ်ဖြတ်၊ မြဇီးတောရွာမှ နေအိမ်များကိုလည်းစစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၉ မကွေးတိုင်းဒေ၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က သာစည်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ အသက် ၆၀ အရွယ် ဦးဝင်းရွှေအား လက်ပြန်ကြိုးတုတ်၍ ရက်ရ က်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း "အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်" မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ ဇွန်လ ၁၅ရက်နေ့မှစ၍ မြိုင်မြို့နယ်တောင်ပိုင်းသို့ ဝင်ရောက်လာသော...

ရန်ကုန်တွင် “81 for 81” အမေစုချက်ချင်းလွှတ် ဗီနိုင်းချိတ်ဆွဲ ဆန္ဒပြ၊ မန္တလေးတွင် “နှင်းဆီ လှုပ်ရှားမှု” မလုပ်နိုင်စေရန် ပန်းသည်များကို ပျူစောထီးများက ဖမ်းဆီးပြီး နှင်းဆီပန်းများကို လိုက်လံ ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၉ ယနေ့ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲကာ ဆန္ဒဖော်ထုတ်ကြကြောင်း ဦးဆောင်ဆန္ဒပြသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်...

အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာမှ အသက် ၆၄ နှစ်အရွယ် ဦးသိန်းစိုးကို စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဇွန် ၁၉ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာမှ အသက် ၆၄ နှစ်အရွယ် ဦးသိန်းစိုးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလကုန်ပိုင်းမှ စတင်ပြီး အုတ်ဖိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၁...

မဲဆောက်နှင့် မယ်ဆိုင် မြို့နယ်တို့တွင် တရားမဝင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၈ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်နှင့် မယ်ဆိုင် မြို့နယ်တို့တွင် တရားမဝင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရကြောင်း ထိုင်း အာဏာပိုင်များ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၁၇ ရက်နေ့တွင် မဲဆောက်မြို့နယ်၊ ဒွန်ချိုင်းလမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုကို တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့က...

တောင်သာတွင် စစ်တပ်က ပြည်သူ ၉ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ ပွင့်ဖြူရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၁၈ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ပြည်သူ ၉ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၄ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားသည့်အပြင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ မေလ...

လွိုင်ကော်ထောင်တွင် အကျဉ်းဦးစီး ဝန်ထမ်း သက်ခိုင်နှင့်ဟန်ထွန်းတို့က နိုင်ငံရေးအကျဉ်း သားများအပေါ် ငွေကြေးကောက်ခံပြီး အဓမ္မလုပ်အားပေး ဖိနှိပ်အနိုင်ကျင့်နေ

ရန်ကုန်၊ ဇွန် ၁၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းထောင်တာဝန်ရှိသူအချို့က နိုင်ငံရေးအကျဉ်းသားများအပေါ် ငွေကြေးအဓမ္မကောက်ခံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောကြားသည်။ PPNM ၏ အဆိုအရ လွိုင်ကော်အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး သက်ခိုင်သည် ထောင်သို့...

မြိုင်မြို့နယ်၊ မြဇီးတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၂၀ ကျော် အပါအဝင် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျ

ရန်ကုန်၊ ဇွန် ၁၈ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြဇီးတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၂၀ ကျော် အပါအဝင် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ...

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို စစ်မှု ထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီး မန္တလေးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့ရောညပါ အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၁၈ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုအောင်ချစ်မင်း၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆...

Latest news

- Advertisement -spot_img