25.1 C
Yangon
- Advertisement -spot_img

TAG

Crime

ရေးမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ဂျပန်နီပွန်ဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် စစ်ဘေးရှောင်အိမ်ရာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၈ မွန်ပြည်နယ်၊ ရေးမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက တည် ဆောက်ပေးထားသည့် စစ်ဘေးရှောင်နေအိမ်များရှိရာနေရာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၈ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် လေကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦး၏...

ယင်းမာပင်၊ ပုလဲ၊ မြိုင်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးကာ မိုင်းနင်းခိုင်း

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းများခွဲကာ ဆက်တိုက် ဝင်ရောက်စီးနင်းနေပြီး တိုက်ခိုက်ရေးဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ဖမ်းဆီးထားသော ပြည်သူများကို မိုင်းနင်းခိုင်းခြင်းများ ပြုလုပ်နေ၍ စစ်ရေးအခြေအနေ တင်းမာနေပြီး လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုများက ယာယီပိတ်သိမ်းထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကျောက်တော်မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပျက်စီး

ရန်ကုန်၊ ဇွန် ၁၇ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်စစ်ဘေးရှောင်ပြည်သူများကို...

ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပကဖ ၏ ထုတ်ပြန်ချက်နှင့် Wetlet...

မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေ၊ ကနီတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၇ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက်...

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် စစ်ကူကားများကို တိုက်ခိုက်မှု စစ်သား ၄ ဦးထက်မနည်း သေဆုံးပြီး ကား ၂ စီး ပျက်စီး

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်သားများနှင့် စစ်ကူကားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်း သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၅ ရက်နေ့...

နွားထိုးကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး၊ စစ်တပ်က သင်းတပေါ့ရွာသား ကိုညိုချောကို PDF ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ပြည်သူ ၃ ဦးကိုဖမ်းဆီး၍ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွား

ရန်ကုန်၊ ဇွန် ၁၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးပြီး စစ်တပ်က သင်းတပေါ့ရွာသား ကိုညိုချောကို PDF ယူနီဖောင်းဝတ်ဆင်ခိုင်းကာ သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကိုဖမ်းဆီး၍ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း...

ဂွနှင့် မုံရွာမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်၊ဒရုန်းတို့ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ ဇွန် ၁၆ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး အိုးအိမ်အဆောက်အအုံများနှင့် တိရစ္ဆာန်များ သေဆုံးပျက်စီးမှုများ...

ရွှေဂုံတိုင် NLD ရုံးချုပ်ရှိ ပါတီတံဆိပ်နှင့် ဆိုင်းဘုတ် ဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ် ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး ခြံထိပ်ရှိဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဖယ်ရှားသွား

ရန်ကုန်၊ ဇွန် ၁၆ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်မှ ဆိုင်းဘုတ်နှင့် အလံများ ဖြုတ်ချခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် ၅၄ ကိုပါ စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းအဖွဲ့များက ဧည့်စာရင်းစစ်ဆေးရန် အကြောင်း ပြ၍ ဝင်ရောက်ကာ...

ရွှေကူမြို့နှင့် မဘိမ်းမြို့နယ်၊ ငါအိုးကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၅ ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအနီးတို့ တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၁၅ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငအိုးရွာမှ ရွှေကူမြို့သို့...

Latest news

- Advertisement -spot_img